Latest News

Wednesday, July 12, 2017

ဦးဖြိုးမင်းသိန်းကို အရေးယူပေးရန် တပ်မတော်၏ တိုင်ကြားချက် လက်ခံရရှိကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ပြော

ဦးဖြိုးမင်းသိန်းကို အရေးယူပေးရန် တပ်မတော်၏ တိုင်ကြားချက် လက်ခံရရှိကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ပြော

အစိုးရနှင့်တပ်မတော်ကြား၊ ပြည်သူလူထုနှင့် တပ်မတော်ကြား ဆက်ဆံရေးပိုကောင်းမွန်စေရန် စဉ်ဆက်မပြတ်တည်ဆောက်သွားရမည်ဖြစ်သော ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်များအတွက် အခက်အခဲဖြစ်လာစေနိုင်သူဟု တပ်မတော်သုံးသပ်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လိုအပ်သလို စိစစ်အရေးယူရန် တပ်မတော်၏တိုင်ကြားချက်ကို လက်ခံရရှိကြောင်း သမ္မတရုံးညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇူလိုင် ၁၂ ရက်တွင် အတည်ပြု ပြောကြားသည်။

ဒီချုပ်အစိုးရ လက်ထက် တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်တစ်ဦးအား အစိုးရက အရေးယူပေးရန် တပ်မတော်၏ တိုင်ကြားချက်သည် ပထမဆုံးဖြစ်ပြီး မည်သို့အရေးယူဆောင်ရွက် မည်ကို လတ်တလောတွင် ပြော ဆိုနိုင်ခြင်းမရှိသေးကြောင်း ဦး ဇော်ဌေးက ဆက်လက်ပြော ကြားသည်။

ဦးဖြိုးမင်းသိန်းက အရပ် ဘက်-စစ်ဘက်ဆက်ဆံရေးဆို သည်မှာ ဒီမိုကရေစီခေတ်တွင် မရှိကြောင်းနှင့် အရပ်သားအုပ် ချုပ်ရေးစနစ်အောက်တွင် စစ် ဘက်ရှိရမည်ဖြစ်ကြောင်း ဇူလိုင် ၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်းဂုဏ်ထူးဆောင် အဖွဲ့ဝင် အစီအစဉ် ၂၀၁၇ စတင်ခြင်းနှင့် လမ်းညွှန်ခြင်း အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားသည်။

ဆက်လက်၍ ဦးဖြိုးမင်းသိန်း က‘‘ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆို ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ် ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Relation ဆက်ဆံနေရတဲ့ ဥစ္စာ ဟာ နိုင်ငံ့အကြီးအကဲ Level (အဆင့်)တစ်ခုတည်းကို ထည့်ဆက်ဆံရတာ ဖြစ်တဲ့အတွက် ဒါသည် ဒီမိုကရေစီမဟုတ်ပါဘူး’’ဟု ပြောကြားခဲ့သည်။

ယင်းပြောကြားချက်နှင့်ပတ် သက်၍ တပ်မတော်က ဇူလိုင် ၁၁ ရက်ညတွင် ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းကို လိုအပ်သလို စိစစ် အရေးယူပေးနိုင်ရန် အစိုးရသို့ တင်ပြထားကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အပေါ် တပ်မတော်က ဒုတိယအကြိမ် သဘောထား ထုတ်ပြန်ချက်ကို ဇူလိုင် ၁၂ ရက် ညတွင် ထုတ်ပြန်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြည်ပသို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်နေချိန်တွင် ယခုကဲ့သို့ ပြောကြားချက်သည် တပ်မတော်၏ အကြီးအကဲကို တိုက်ရိုက်ပုတ်ခတ်ပြောဆိုခြင်း ဖြစ်ကြောင်းနှင့် ယင်းပြောကြား ချက်သည် တပ်မတော်အကြီးအ ကဲနှင့် တပ်မတော်ပုံရိပ်ကို ကျ ဆင်းစေရန် တိုက်ရိုက်ထိခိုက်စော် ကားခြင်းဟု ယူဆကြောင်း ထုတ် ပြန်ချက်၌ ပါရှိသည်။

ပြည်တွင်းငြိမ်းချမ်းရေး ကြိုး ပမ်းတည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံအတွက် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးသည် ပို၍ အရေးကြီးသော ဆက်ဆံရေးဖြစ် သော်လည်း ဦးဖြိုးမင်းသိန်းအနေ ဖြင့် အရပ်ဘက်၊ စစ်ဘက်ဆက် ဆံရေးဆိုသည်မှာ ဒီမိုကရေစီ ခေတ်တွင် မရှိဟု ၎င်း၏ လေ့လာ မှုအားနည်းချက်ကို ဖော်ပြလျက် ထိပ်တိုက်တွေ့ဆုံရေးပုံစံမျိုးဖြင့်ပြောကြားခဲ့ကြောင်း  တွေ့ရှိရ သည်ဟု တပ်မတော်က ထုတ်ပြန် သည်။

ဦးဖြိုးမင်းသိန်း အနေဖြင့် ယခုကဲ့သို့ လက်လွတ်စပယ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုပုံစံဖြင့် ပြော ကြားချက်သည် နိုင်ငံတော်အစိုးရ ၏ အမျိုးသားရင်ကြားစေ့ရေး ဦးတည်ချက်ကို ထိခိုက်စေသည် ဟုလည်း ပါရှိသည်။ ထို့အပြင် နိုင်ငံတော်အစိုးရနှင့် တပ်မတော် အကြား၊ တိုင်းရင်းသားပြည်သူလူ ထုနှင့် တပ်မတော်အကြား ဆက် ဆံရေးပိုမိုကောင်းမွန်စေရန် စဉ် ဆက်မပြတ် တည်ဆောက်ရမည် ဖြစ်သော ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်များအတွက်လည်း အခက်အခဲ ဖြစ်လာစေနိုင်သူဖြစ် ကြောင်း သုံးသပ်ရပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတွက် တပ်မတော်က အပြုသဘောဖြင့် ရေရှည်ဆက်ဆံ ရန် မသင့်လျော်သောကြောင့် ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လို အပ်သလို စိစစ်အရေးယူပေးနိုင် ရန် နိုင်ငံတော်အစိုးရထံ တင်ပြခဲ့ ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံ့ဝန်ထမ်းအ ကြီးအကဲတစ်ဦးသာဖြစ်၍ ညွှန် ကြားရေးမှူးချုပ် Level(အဆင့်) သာဖြစ်ကြောင်း ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်သည် အကြောင်းအရာအရနှင့် ဥပဒေအရ မှားယွင်း ခြင်းမရှိကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(ဒီချုပ်) ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက သုံးသပ်သည်။

‘‘အဲဒီကိစ္စမှာ စဉ်းစားဖို့က တစ်ခုပဲရှိတယ်။ ညွှန်ကြားရေးမှူး ချုပ်ဟာ ဘာလဲ။ သူဟာ ဝန်ထမ်းအဖွဲ့အစည်းရဲ့အကြီးအကဲပဲဗျ။ ကာကွယ်ရေးဦးစီးချုပ်ကကော ဘာလဲ။ သူလည်း ဝန်ထမ်းအဖွဲ့ အစည်းအကြီးအကဲပဲလေ’’ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၂၀၁၆ ဇွန်လ ၃ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်မှတ်ရေးထိုးထုတ်ပြန်သော ပြည်ထောင်စုအင်္ဂါစဉ်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှတ်စဉ်(၈) နေရာတွင်ရှိသည်။ အဆိုပါ ပြည်ထောင်စုအင်္ဂါစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန် ကြီးချုပ်များကို အမှတ်စဉ်(၁၉) အဖြစ် သတ်မှတ်ထားသည်။
7Day News

No comments:

Post a Comment