Latest News

Wednesday, July 12, 2017

ယာဉ်ပိုင်ရှင်များလက်မခံ၍ တက္ကသိုလ်ကျောင်းသားများ ငွေတစ်ရာဖြင့် YBS စီးနင်းနိုင်မည့်အစီအစဉ်ပျက်ပြယ်

ယာဉ်ပိုင်ရှင်များလက်မခံ၍ တက္ကသိုလ်ကျောင်းသားများ ငွေတစ်ရာဖြင့် YBS စီးနင်းနိုင်မည့်အစီအစဉ်ပျက်ပြယ်

 တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူများ မှတ်ပုံတင် ကတ်ပြားပြသ၍ မည်သည့်ယာဉ် လိုင်းမဆို ၁၀၀ ကျပ်ဖြင့် စီးနင်းခွင့်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာနီလာကျော်က ဇူလိုင်၁၁ ရက်တွင် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ ပြောကြားခဲ့သော်လည်း YBS ယာဉ်ပိုင်ရှင်များ သဘောမတူ၍ ပျက်ပြယ်ခဲ့ကြောင်း ဒေါက်တာနီလာကျော်က ကျောင်းသားများထံ အကြောင်းပြန်ခဲ့သည်။

‘‘ဇူလိုင် ၁၁ ရက်မနက်က ဝန်ကြီး ဒေါက်တာဒေါ်နီလာကျော် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်ကို ရောက်လာပြီး ယာဉ်လိုင်းကိစ္စတွေနဲ့ပတ်သက် ပြီး ပြောတဲ့အခါမှာ ဇူလိုင် ၁၃ ရက်စပြီး ဘယ်ယာဉ်လိုင်းမဆို ကျောင်းသားကတ်ပြရင် ငွေ ၁၀၀ နဲ့ စီးခွင့်ရမယ်လို့ပြောပါတယ်။ အဲဒီနေ့ညနေမှာပဲ ဝန်ကြီးက ဖုန်း ပြန်ဆက်ပါတယ်။ YBS ယာဉ် လိုင်းပိုင်ရှင်တွေနဲ့ အစည်းအဝေး လုပ်တဲ့အခါမှာ ယာဉ်ပိုင်ရှင်တွေ က သဘောမတူလို့လို့ ပြောပါ တယ်’’ဟု ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ကျောင်း သားများသမဂ္ဂအလုပ်အမှု ဆောင်အဖွဲ့(ယာယီ)အဖွဲ့ဝင် ကိုခွန်းဆက်ငြိမ်းချမ်းက ပြောသည်။

 ဝန်ကြီး ဒေါက်တာနီလာ ကျော်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နှင့် မော်ကွန်း ထိန်း၊ ဌာနမှူးများ၊ အတန်းကိုယ်စားလှယ်များနှင့် ရန်ကုန်အ နောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအလုပ်အ မှုဆောင်အဖွဲ့တို့ ရန်ကုန်အ နောက်ပိုင်းနည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမတွင် ဇူလိုင် ၁၁ ရက်က တွေ့ဆုံခဲ့ရာ သယ်ယူ ပို့ဆောင်ရေးလွယ်ကူရန်ကိစ္စ၊ လျှပ်စစ်မီးမှန်စေရန်ကိစ္စနှင့် ရန် ကုန်-ပုသိမ်ကားလမ်းမှ တက္က သိုလ်အဝင်လမ်းပြုပြင်ရန်ကိစ္စတို့ ကို ဆွေးနွေးတိုင်ပင်ခဲ့သည်။

အစည်းအဝေးတွင် ဇူလိုင် ၁၃ ရက်ကစ၍ ကျောင်းသားကတ် ပြသကာ မည်သည့်ယာဉ်လိုင်းမဆို ၁၀၀ ကျပ်ဖြင့် စီးနင်းနိုင်မည် ဖြစ်ကြောင်း၊ ကျောင်းအဝင်လမ်း ကို အမြန်ဆုံးပြင်ဆင်ပေးမည်ဖြစ် ကြောင်း၊ ယာဉ်လိုင်းနံပါတ် (၈၃) ကို ကျောင်းဝင်းအတွင်းသို့ ရောက်သည်အထိ အသစ်ပြေးဆွဲပေးရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ဒေါက် တာနီလာကျော်က ပြောကြားခဲ့ ကြောင်း ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်ကျောင်း သားများသမဂ္ဂ(ယာယီ)က သ တင်းထုတ်ပြန်ခဲ့သည်။

 အသစ်ပြေးဆွဲမည့် YBS (၈၃) ယာဉ်လိုင်းသည်လည်း တက္ကသိုလ်ဝင်းအတွင်း ဝင် ရောက်ရန် အခက်အခဲရှိသဖြင့် တက္ကသိုလ်အဝင်လမ်း တိုးချဲ့အဆင့်မြှင့်သည့် လုပ်ငန်းပြီးဆုံးမှ သာ ကျောင်းရှေ့သို့ ဝင်ရောက် နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးက အ ကြောင်းပြန်ခဲ့သည်ဟုဆိုသည်။
7Day News

No comments:

Post a Comment