Latest News

Wednesday, July 12, 2017

ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံဖြစ်ပွားခြင်းသည် အထက်ပိုင်းဒေသ များ၌ မိုးကောင်းခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်လာခြင်းနှင့် အချို့ဆည် များတွင် သတ်မှတ်ရေပမာဏထက် ကျော်လွန်နေသဖြင့် ရေများ လွှတ်ချခြင်းကြောင့်ဖြစ်ဟု ဆို

ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံဖြစ်ပွားခြင်းသည် အထက်ပိုင်းဒေသ များ၌ မိုးကောင်းခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်လာခြင်းနှင့် အချို့ဆည် များတွင် သတ်မှတ်ရေပမာဏထက် ကျော်လွန်နေသဖြင့် ရေများ လွှတ်ချခြင်းကြောင့်ဖြစ်ဟု ဆို

ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းသည် အထက်ပိုင်းဒေသ များ၌ မိုးကောင်းခြင်း၊ မြစ်ကြမ်းပြင်များ မြင့်တက်လာခြင်းနှင့် အချို့ဆည် များတွင် သတ်မှတ်ရေပမာဏထက် ကျော်လွန်နေသဖြင့် ရေများလွှတ်ချ ခြင်းကြောင့်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

“အခုမြစ်ရေကြီးပြီး ရေကြီးရေလျှံတာက အထက်ပိုင်းတွေမှာ မိုးများလို့ ပေါ့။ ဒီတက်နေတဲ့ ဟာမှာဆိုရင် ဆည်တွေကလည်း ရေလက်ခံနိုင်တာ ထက် နည်းနည်းလေး ကျော်သွားတဲ့အတွက်ကြောင့်မို့လို့ သူတို့ကစပြီး လွှတ်နေတယ်။ ကျီးအုံကျီးဝ တို့ဆိုရင် မကွေးတို့မှာ ပုံမှန်ဆို ပေ၀က် လောက် တက်ရမှာ။ တစ်ပေလောက် တက်လာတဲ့ အနေအထားလေးပေါ့။ အဲဒီလိုမျိုးလေးတွေရှိတယ်။ ရာဇဂြိုလ်ဆည်လည်း သူတို့ဆီမှာ ရေလက် ခံနိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်နေတဲ့အတွက် ကြောင့်သူတို့လည်း ရေစလွှတ်နေတယ်။ အဲဒီအတွက်ကြောင့် ကလေးဝကနေပြီးတော့ မုံရွာ အထက်ပိုင်းမှာ ရေဆက်တက်ဦးမယ့် အနေအထားရှိတယ်။ အဓိက ရေကြီးမှုဖြစ်တာကတော့ အထက်ပိုင်းမှာ မိုးများတဲ့ကိစ္စလေးတွေ တစ်ချက်ရှိမယ်။ နောက်တစ်ချက်ကတော့ မြစ်ကြမ်းပြင်တွေ မြင့်တက်လာ တာကြောင့် ရေကြီးတာဖြစ်တယ်။ အဓိကတော့အရင်တုန်းက စိုးရိမ် ရေမှတ် သတ်မှတ်တုန်းက အဲဒီနေရာတွေမှာ လူနေထိုင်မှု မရှိဘူး။ နောက်ပိုင်းကျတော့ အဲဒီနေရာမှာ လူတိုးချဲ့နေထိုင်ကြ တော့ ရေ၀င်ရောက်မှု ရှိလာတယ်။ စိုးရိမ်ရေမှတ် သတ်မှတ်တာ မြို့တွေကိုပဲ သတ်မှတ်တာ ရွာတွေကို မသတ်မှတ်တဲ့အတွက် တစ်ချို့ရွာတွေကျတော့ မြို့ထက်ကို မြေမျက်နှာသွင်ပြင် နိမ့်နေရင် ရေ၀င်ရောက်မှု ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးနှင့် ဟုမ္မလင်းတို့တွင် စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ကျဆင်းနေပြီး အခြားမြို့များတွင် စိုးရိမ်ရေမှတ် အထက်သို့ ဆက်လက် မြင့်တက်လာနိုင်ကြောင်း၊ ဧရာဝတီမြစ်ရေသည် လည်း မြို့အများစုတွင် စိုးရိမ်ရေမှတ် အနီးသို့ရောက်ရှိလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဟုမ္မလင်းကတော့ မနက်ဖြန်လောက်ဆိုရင် စကျပြီ။ ပေ၀က်လောက် ကျနိုင်တယ်။ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝကတော့ ပေ၀က်လောက် ထိ ဆက်တက်နိုင်သေးတယ်။ လင်းခင်းလည်း ပေ၀က်လောက် ဆက်တက်နိုင်တယ်။ ကနီကတော့ မနက်ဖြန်လောက်ဆို စိုးရိမ်ရေမှတ် ရောက်သွားနိုင်တယ်။ ချင်းတွင်း မြစ်မှာရှိတဲ့ စခန်းတွေအကုန်လုံးက စိုးရိမ်ရေမှတ်အထက်မှာ ရှိတာပေါ့။ ခန္တီးနဲ့ ဟုမ္မလင်းပဲ ကျနေတာ။ မုံရွာကလည်း ၅ စင်တီမီတာလောက် တက်မယ့်အနေအထားရှိတယ်။ ဧရာဝတီမှာ နှစ်နေရာလောက် တက်သွားတဲ့ရေက ဗန်းမော်တို့ဘာတို့မှာ သိပ်မလိုက်ဘူး။ အဲဒါကြောင့် ရွှေကူနဲ့ကသာကိုတော့ စိုးရိမ်ရေမှတ် ရောက်မယ်လို့ ထုတ်ထားတယ်။ လောလောဆယ်တော့ ရွှေကူကတော့ စိုးရိမ်ရေမှတ် အနားကို ကပ်သွားမယ်။သိပ်ပြီးတော့ မကျော်နိုင်လောက် ဘူး။ ကသာကလည်း နောက်ထပ် တစ်ပေလောက် တက်ဦးမယ်။ စိုးရိမ်ရေမှတ်ရောက်ဖို့တော့ မသေချာတော့ဘူး။ ပခုက္ကူကတော့ စိုးရိမ်ရေမှတ်ရောက်သွားမယ့် အနေအထားရှိတယ်။ ညောင်ဦးကတော့ ညပိုင်းလောက်မှာ စိုးရိမ်ရေမှတ်ရောက်ပြီးတော့ မနက်ဖြန်လောက်မှာ စိုးရိမ်ရေမှတ်အောက် ရောက်သွားနိုင်တယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် အနောက်တောင် မုတ်သုံလေသည် တောင်ပိုင်းဒေသများတွင် အားကောင်းနေသဖြင့် မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသ တို့တွင် နောက်သုံးရက်ခန့်အထိ မိုးကောင်းနေမည်ဖြစ်ကြောင်း၊ အလယ်ပိုင်းဒေသများတွင်လည်း အနောက်ဘက်မှလာသော လေပွေလှိုင်းများကြောင့် မိုးရရှိမည် ဖြစ်ကြောင်း ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

“အနောက်ဘက်ကလာတဲ့ လေပွေလှိုင်းက နိမ့်ကျလာတာက မြန်မာ နိုင်ငံမြောက်ပိုင်းတွင် မဟုတ်ပဲ အလယ်ပိုင်းထိဖြစ်နေတယ်။ အလယ်ပိုင်း တွေမှာ မိုးရမယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။              

Eleven Media

No comments:

Post a Comment