Latest News

Monday, July 10, 2017

မောင်တောနယ်စပ်ရှိ တိုင်းရင်းသားကျေးရွာများအား ပြည်နယ်အစိုးရကူညီထောက်ပံ့

မောင်တောနယ်စပ်ရှိ တိုင်းရင်းသားကျေးရွာများအား ပြည်နယ်အစိုးရကူညီထောက်ပံ့

 လယ်လုပ်သားရှား ပါးမှုကြုံတွေ့နေရသည့် မောင် တောနယ်စပ်ဒေသရှိ တိုင်းရင်း သားကျေးရွာများအား ရခိုင်ပြည် နယ်အစိုးရအဖွဲ့က လက်တွန်း ထွန်စက် ၃၈ စီးနှင့် မျိုးစပါး တင်း ၈၀၀  ထောက်ပံ့ပေးထားကြောင်း သတင်းရရှိသည်။
ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးထားသည့် လက် တွန်းထွန်စက်များကို ကျေးရွာများ တွင် ကော်မတီဖွဲ့စည်း၍ အလှည့်ကျစနစ်ဖြင့် ထွန်ယက်ပေးမည် ဖြစ်ပြီး ယင်းစက်များကို စနစ်တကျ မောင်းနှင်တတ်စေရန်နှင့် ကြာ ရှည်စွာ အသုံးပြုနိုင်ရန် သင်တန်း ဖွင့်လှစ်ပေးမည်ဟု ဆိုသည်။

မောင်တောနယ်စပ်ဒေသ တွင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်း ရင်းသားကျေးရွာများ၌ လယ်လုပ် ရန် လုပ်သားရှားပါးကာ လယ်ယာ လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲ အချို့ရှိနေကြောင်း ရွှေရင်အေး ကျေးရွာနေ တောင်သူ  ဦးမောင် မောင်လှက ပြောသည်။

‘‘ဘာပဲဖြစ်ဖြစ် အစိုးရ ထောက်ပံ့ပေးတာ တောင်သူတွေ  ကို အထောက်အကူပြုပါတယ်။ အခုလယ်ယာလုပ်ငန်းစတင်ချိန် မှာ လက်တွန်းထွန်စက်တွေ ကြောင့် အဆင်ပြေသွားစေမယ်၊ စပါးရိတ်သိမ်းချိန်မှာလည်း စပါး ရိတ်သိမ်းစက်တွေ ကူညီထောက် ပံ့ပေးဖို့ ပြောချင်ပါတယ်’’ဟု ၎င်း က ပြောသည်။

လက်ရှိ မောင်တောနယ်စပ် တွင် လယ်ယာလုပ်ငန်းအတွက် အလုပ်သမားတစ်ဦးလျှင် လုပ်အားခတစ်ရက် ရှစ်ထောင်ကျပ် ပေးရကြောင်း သတင်းရရှိသည်။
7Day News

No comments:

Post a Comment