Latest News

Monday, July 10, 2017

တိုင်းအစိုးရအဖွဲ့ပိုင် ပစ္စည်းများရောင်းချ၊ ငှားရမ်းခြင်းနှင့် အခြားနည်းဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ယူမည်

တိုင်းအစိုးရအဖွဲ့ပိုင် ပစ္စည်းများရောင်းချ၊ ငှားရမ်းခြင်းနှင့် အခြားနည်းဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ယူမည်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ပိုင် ပစ္စည်းများရောင်း ချခြင်း၊ ငှားရမ်းခြင်းနှင့် အခြား နည်းဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေကိုတိုင်းဒေသကြီးလွှတ် တော်ကပြဋ္ဌာန်းရန်သင့်၊မသင့်နှင့်  တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်အစိုးရပိုင်ပစ္စည်းဆိုသည့် စကားရပ်အား အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်း၍ ဆုံးဖြတ်ချက်ခံယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၀ ရက်က ပြုလုပ်ခဲ့ သော မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အထက်ပါ ဥပဒေပြဋ္ဌာန်းရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က တင်သွင်းသည့်အဆိုနှင့်ပတ် သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ခံ ယူရန် တိုင်းလွှတ်တော်က အ တည်ပြုခဲ့ခြင်းဖြစ်သည်။

ချမ်းမြသာစည်မြို့နယ် မဲ ဆန္ဒနယ် အမှတ်(၂)မှ လွှတ် တော်ကိုယ်စားလှယ် ဦးတင် အောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေဇယား(၂)၊ ဘဏ္ဍာရေး နှင့် စီမံကိန်းကဏ္ဍ အမှတ်စဉ်-၁၊ (ဆ)တွင် ပါဝင်သော တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်ပိုင် ပစ္စည်းများရောင်းချခြင်း၊ ငှားရမ်း ခြင်းနှင့် အခြားနည်းဆောင်ရွက် ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ကို တိုင်းအစိုးရအဖွဲ့က ရေးဆွဲပြဋ္ဌာန်းရန် တိုက်တွန်းကြောင်းအဆိုကို ဇူလိုင် ၄ ရက်တွင် ကျင်းပခဲ့ သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး၌ အဆိုတင်သွင်း ခဲ့သည်။

ဥပဒေမရှိသေး၍ တိုင်းဒေ သကြီးပိုင်ပစ္စည်းများဖြစ်သည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့် မ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း မည် ရွေ့မည်မျှရှိသည်ကို မသိရသလို မည်သို့ အသုံးပြုနေသည်ကို လည်း မသိရကြောင်း၊ အစိုးရပိုင် ပစ္စည်းဆိုသည်မှာ ပြည်သူပိုင် ပစ္စည်းဖြစ်သည့်အတွက် ရောင်း ချ၊ ငှားရမ်း၊ လွှဲပြောင်းရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူ၊ တာဝန်ခံမှုရှိစေရန် ဥပဒေပြဋ္ဌာန်း ရန်လိုအပ်ကြောင်းနှင့် ဥပဒေမရှိ ၍ အစိုးရပိုင်မြေများ၊ ဥယျာဉ်နှင့် ကစားကွင်းကဲ့သို့ နေရာများအား နီးစပ်ရာလူသို့ လက်သိပ်ထိုးပေး ခဲ့မှုများရှိနေရာ ဥပဒေပြဋ္ဌာန်းရန် လိုအပ်ကြောင်း ဦးတင်အောင်က အဆိုတင်သွင်း   ပြောကြား ခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ ဇူလိုင် ၁၀ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ် တော်တွင် ကိုယ်စားလှယ် ငါးဦး က ထောက်ခံဆွေးနွေးခဲ့ပြီး တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဥပဒေ ကြမ်းရေးဆွဲကာ တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုပြဋ္ဌာန်း သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး စီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမြတ်သူက ပြန်လည်ဆွေးနွေး ရာတွင်  တိုင်းဒေသကြီး (သို့မ ဟုတ်) ပြည်နယ်အစိုးရအဖွဲ့ပိုင် ပစ္စည်းများရောင်းချခြင်း၊ ငှားရမ်း ခြင်းနှင့် အခြားနည်းဆောင်ရွက် ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ တိုင်းဒေသကြီး  လွှတ်တော်က ပြဋ္ဌာန်းခွင့်ရှိသည်ဆိုသော်လည်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်အစိုးရအဖွဲ့ပိုင်ပစ္စည်းများဆို သည့် စကားရပ်နှင့်ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးမှ အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးရန် လိုအပ်ပြီး ထိုသို့ အဓိပ္ပာယ်ဖွင့်ဆိုရန် သတ်မှတ် နည်းလမ်းများနှင့်အညီ ခုံရုံးသို့ တင်သင့်ကြောင်း ပြန်လည်ဆွေး နွေးခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဆုံးဖြတ်ချက်ရရှိပြီးမှသာလျှင် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် သင့်၊ မသင့် ဆုံးဖြတ်သင့်ကြောင်း ၀န်ကြီး ဦးမြတ်သူက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အစိုးရအဖွဲ့ပိုင်ပစ္စည်း များရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဆောင်ရွက်ခြင်းဆိုင် ရာဥပဒေကို ပြဋ္ဌာန်းရန် ပြည် ထောင်စုလွှတ်တော်နှင့် တိုင်းဒေ သကြီး (သို့မဟုတ်)ပြည်နယ်လွှတ် တော် ဥပဒေပြုစာရင်းများတွင် ထည့်သွင်းပြဋ္ဌာန်းထားသော် လည်း လက်ရှိအချိန်အထိ အဆို ပါ ဥပဒေအား မည်သည့်လွှတ် တော်ကမျှ ပြဋ္ဌာန်းခြင်းမရှိသေး ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၃တွင်ပထမအကြိမ် မန္တလေးတိုင်းဒေသ ကြီးလွှတ်တော်တွင် အဆိုပါ ဥပဒေရေးဆွဲပြဋ္ဌာန်းရန် လွှတ် တော်၌ အတည်ပြုခဲ့သော်လည်း ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းမရှိပေ။
7Day News

No comments:

Post a Comment