Latest News

Monday, July 10, 2017

ဘီပီအိုင်ဆေးဝါးစက်ရုံနှင့် ပုဂ္ဂလိက ဆေးဝါးပူးပေါင်းထုတ်လုပ်မည်

ဘီပီအိုင်ဆေးဝါးစက်ရုံနှင့် ပုဂ္ဂလိက ဆေးဝါးပူးပေါင်းထုတ်လုပ်မည်

 ဘီပီအိုင်ဆေးဝါးစက်ရုံ ရှိ ဆေးဝါးထုတ်သည့်အဆောက်အအုံသုံးခုကို ပြင်ဆင်မွမ်းမံရန် ပုဂ္ဂလိကသို့ဖိတ်ခေါ်၍ ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်သွားမည်ဟုအင်းစိန်ဆေးဝါးစက်ရုံ(ဘီပီအိုင်)ဒုတိယ စက်ရုံမှူး (စီမံကိန်း)ဒေါက်တာအောင်ဇော်က ပြောသည်။

 ဆေးဝါးလိုအပ်ချက်ဖြည့် တင်းနိုင်ရန် ရည်ရွယ်၍ ဟောင်း နွမ်းနေသော ဆေးဝါးထုတ်အ ဆောက်အအုံသုံးခုကို ပြင်ဆင် မွမ်းမံရန် ပုဂ္ဂလိကသို့ဖိတ်ခေါ်ပြီး ၎င်းတို့နှင့်ပူးပေါင်းကာ ဆေးဝါး တိုးမြှင့်  ထုတ်လုပ်သွားမည်ဟု ဆို သည်။

‘‘ဒီအဆောက်အအုံတွေက ၁၉၅၈ ကတည်းက ဆောက်ခဲ့တာ။ နှစ် ၆၀ လောက်သက်တမ်း နီးပါးရှိနေပြီဖြစ်တဲ့အတွက် အဲဒါကို အကြီးစားမွမ်းမံပြင်ဆင်မှုတွေ လုပ်ရမှာ။ ဒီအဟောင်းတွေကို နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို သုံးပြီးတော့ အကုန်အကျမခံချင်တော့ ဘူး။ ကျွန်တော်တို့အနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်မယ်။ သူတို့ဘာသာ သူတို့ ပြုပြင်မွမ်းမံပေါ့။ ပြုပြင်မွမ်းမံပြင်ဆင် ပြီးလို့ရှိရင် ကျွန်တော်တို့နဲ့ပူး ပေါင်းပြီး ဆေးဝါးထုတ်လုပ်မယ်’’ ဟု ဒေါက်တာအောင်ဇော်က ပြောသည်။

ထိုကဲ့သို့ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် ပုဂ္ဂလိကစက်မှုလက် မှုဖွံ့ဖြိုးတိုးတက်မှုကို အားပေးရာ ရောက်ခြင်း၊ နိုင်ငံတော်ဘတ်ဂျက်ကို အခြားအသုံးလိုသည့်နေရာ များတွင် သုံးစွဲနိုင်ခြင်းတို့အပြင် လက်ရှိထုတ်လုပ်နေသည့် အရေ အတွက်ထက် ဆေးဝါးပိုမိုထုတ် လုပ်လာနိုင်ခြင်း စသည့်အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်နိုင် သည်။

‘‘အခုလပိုင်းတွေမှာ သတင်း စာကနေ ပူးပေါင်းဆောင်ရွက် မယ့် ကုမ္ပဏီတွေကို ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ ပြုပြင်ဖို့ စီမံထားတဲ့ အဆောက်အအုံသုံးခုက လက်ရှိ မှာလည်း ဆေးထုတ်နေတယ်။ ဒါပေမဲ့ စက်တွေက ကြာပြီဆို တော့ တစ်အချက်က ထုတ်လုပ်မှု စွမ်းအားတွေ ကျတာပေါ့။ ဥပမာ တစ်သိန်းလောက်ပဲ ထုတ်နိုင် တယ်ဆို စက်အသစ်တွေကို ပြန် လဲလိုက်မယ်ဆိုရင် တစ်လကို ငါးသိန်းလောက်လည်း ထုတ်နိုင် တယ်။ တစ်သန်းလောက်လည်း ထုတ်နိုင်တယ်ပေါ့’’ဟု ဒေါက်တာ အောင်ဇော်က ဆိုသည်။

  ဘီပီအိုင်ဆေးဝါးစက်ရုံ သည် ၁၉၅၈ က စ၍ ဆေးပြား၊ ဆေးတောင့်အမျိုးမျိုး၊ ဆေးဆီ၊ ဆေးရည်အမျိုးမျိုး၊ ထိုးဆေးနှင့် သွေးကြောသွင်းဆေးရည်အမျိုး မျိုးအပြင် မြွေဆိပ်ဖြေဆေးနှင့် အခြား ကာကွယ်ဆေးများ ထုတ်လုပ်နေသည်။ သို့သော် တစ်နိုင်ငံလုံးဆေးလိုအပ်ချက်၏ ၈ ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်း ခန့်သာ လက်ရှိတွင် ထုတ်လုပ်နိုင်ပြီး ယခုဘဏ္ဍာနှစ်အတွက် ၃၆ ဒသမ ၃၂၁ ဘီလီယံကျပ်သို့ တိုးမြှင့်ထုတ်လုပ်မည်ဟု ဆိုသည်။
7Day News

No comments:

Post a Comment