Latest News

Sunday, July 2, 2017

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို ရူံးနိမ့်

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို ရူံးနိမ့်

လက်ရည်အသာဖြင့် လိုက်ပတ်ထိုးနိုင်ပြီး အနိုင်ရမည်ဟု ထင်သော်လည်း ဒိုင်များက သြစတြေးလျ လက်ဝှေ့ သမားကို အမှတ်ဖြင့် အနိုင်ပေးလိုက်ပါတယ်။

သြစတြေးလျလက်ဝှေ့သမား ဂျက်ဖ်ဟွန်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဒိုင်းတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်လို့ မန်နီ ပက်ကွီအိုက ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၂ ရက်က သြစတြေးလျနိုင်ငံမှာ ထိုးသတ်ခဲ့တဲ့
ဒီပွဲမှာ လက်ရှိချန်ပီယံ ဖိလစ်ပိုင် နိုင်ငံသား ပက်ကွီအိုက အမှတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ WBO ၀ယ်သာ ၀ိတ်ချန်ပီယံ ရွှေခါးပတ်ကိုလည်း ဂျင်ဖ်ဟွန်းဆီ ပေးခဲ့ရပါတယ်။

ဒီပွဲမှာ စုစုပေါင်း ၁၂ ချီ ထိုးသတ်ခဲ့ကြပြီး  ၁၁၇-၁၁၁၊ ၁၁၅-၁၁၃၊ ၁၁၅-၁၁၃ မှတ်နဲ့ ဒိုင်လူကြီး သုံးဦး စလုံးက ဂျက်ဖ်ဟွန်းကို အနိုင်ပေးလိုက်တာပါ။

ပက်ကီအိုအနေနဲ့ လက်သီးချက်အရေအတွက် ပိုမိုများခဲ့တာကြောင့် မရှုံးသင့်ဘူးလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

ဒီပွဲဟာ ခက်ခဲတဲ့ပွဲစဉ်လို့ ထင်မထားခဲ့ပေမယ့် ခက်ခက်ခဲခဲ ထိုးသတ်ခဲ့ရပြီး ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှုရှိတယ်လို့ ပက်ကွီအိုကပွဲအပြီးမှာပြောပါတယ်။

ချန်ပီယံ ရွှေခါးပတ်ကို စွန့်လွှတ်ခဲ့ရတာနဲ့ပတ်သက်ပြီး ဒါဟာ လက်ဝှေ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်အနေအထားတခုသာဖြစ်တယ်လို့ သူကဆက်ပြီးပြောပါတယ်။

ဒီပွဲကို ပရိသတ် ၅ သောင်းကျော် လာက်ရောက်ကြည့်ရူခဲ့ပြီး သြစတြေးလျနိုင်ငံရဲ့ လက်ဝှေ့ပွဲတွေမှာ အများဆုံး စံချိန်တင်ခဲ့ပါတယ်။

ပက်ကွီအိုရဲ့ WBO ၀ယ်လ်တာဝိတ်ချန်ပီယံရွှေ ခါးပတ်ကို ရယူနိုင်ခဲ့တဲ့ သြစတြေးလျလက်ဝှေ့သမား ဂျက်ဖ်ဟွန်းဟာ အသက် ၂၉ နှစ်ရှိပြီး စုစုပေါင်း ၁၈ ပွဲမှာ ၁၇ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ရှုံးပွဲမရှိသေးတဲ့စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

DVB

No comments:

Post a Comment