Latest News

Tuesday, July 18, 2017

ကမ္ဘာ့ရွှေဈေး ငါးရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၀၀၀၀၀ နီးပါးသို့ ပြန်ရောက်လာ

ကမ္ဘာ့ရွှေဈေး ငါးရက်ဆက်တိုက် မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၀၀၀၀၀ နီးပါးသို့ ပြန်ရောက်လာ

ဇူလိုင် ၁၈ ရက်တွင် ကမ္ဘာ့ရွှေဈေး ငါးရက်ဆက်တိုက်အဖြစ် ပြန်လည်မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေး ကျပ် ၉၀၀၀၀၀ နီးပါးသို့ ပြန်လည်ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဇူလိုင်လဆန်းပိုင်းက ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့ခြင်းကြောင့် ဇူလိုင် ၃ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အောက်ပြန်ရောက်ခဲ့ပြီး ဇူလိုင် ၈ ရက်မှ ၁၁ ရက်အထိ ကျပ် ၈၉၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကာ ဇူလိုင် ၁၂ ရက်တွင် ၈၉၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့သည်။ ပြီးခဲ့သည့်လ ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဇွန် ၁ ရက်တွင် ၁၂၆၆ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် ဇွန်လအတွင်း အ မြင့်ဆုံးနှုန်းအဖြစ် ဇွန် ၆ ရက်တွင် ၁၂၉၄ ဒေါ် လာအထိ မြင့်တက်ခဲ့ပြီး ဇွန်လလယ်တွင်ဈေး နှုန်းပြန်ကျလာရာ ဇွန်လအတွင်း အနိမ့်ဆုံးနှုန်းအဖြစ် ဇွန် ၂၆ ရက်တွင် ၁၂၄၀ ဒေါ်လာ အထိ ဈေးကျဆင်းခဲ့ကာ ဇွန် ၃၀ ရက်တွင် ၁၂၄၂ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဇူလိုင်လအတွင်း ဆက်တိုက်အားပျော့ခဲ့ပြီး ဇူလိုင် ၃ ရက်တွင် ၁၂၃၅ ဒေါ်လာ၊ ဇူလိုင် ၄ ရက်တွင် ၁၂၁၇ ဒေါ်လာ၊ ဇူလိုင် ၅ ရက်တွင် ၁၂၂၀ ဒေါ်လာ၊ ဇူလိုင် ၆ ရက်တွင် ၁၂၂၂ ဒေါ်လာ၊ ဇူလိုင် ၇ ရက်တွင်  ၁၂၀၈ ဒေါ်လာအထိ ကျဆင်းခဲ့ကာ ဇူလိုင် ၁၀ ရက်တွင် ၁၂၁၂ ဒေါ်လာ၊ ဇူလိုင် ၁၁ ရက်တွင် ၁၂၁၀ ဒေါ်လာအထိ ရောက်ခဲ့ သည်။ ထို့နောက် ဇူလိုင် ၁၂ ရက်တွင် ၁၂၂၀ ဒေါ်လာအထိ ပြန်တက်ခဲ့ပြီး ဇူလိုင် ၁၄ ရက်တွင် ၁၂၂၆ ဒေါ်လာ၊ ဇူလိုင် ၁၇ ရက်တွင် ဒေါ်လာ ၁၂၃၂ ဒေါ်လာ၊ ဇူလိုင် ၁၈ ရက်တွင် ၁၂၃၆ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ဧပြီလမှစ၍  အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့် အထိကွာခြားလျက်ရှိသည်။ ပြီးခဲ့သည့် ဇွန်လအတွင်း အမြင့်ဆုံးနှုန်းသည် ၁၂၉၄ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးနှုန်းသည် ၁၂၄၀ ဒေါ်လာဖြစ်ခြင်းကြောင့် ဒေါ်လာ ၅၀ ကျော် ကွာဟခဲ့သည်။

ပြီးခဲ့သော ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်သည်။ မေလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၁၂၀၀ ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၀၀၀ ဖြစ်ခဲ့သည်။

ပြည်တွင်းရွှေဈေးနှုန်းသည် မေ ၁၆ ရက် မှစပြီး ဇူလိုင် ၂ ရက်အထိ ကျပ် ၉၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းကြောင့် ဇွန် ၇ ရက်တွင် ပြည် တွင်းရွှေဈေး ကျပ် ၉၁၃၄၀၀ အထိ စံချိန် တင်ခဲ့ပြီးနောက် ဈေးပြန်ကျခဲ့ရာ ဇွန် ၂၉ ရက်တွင် ကျပ် ၉၀၄၄၀၀  ဇွန် ၃၀ ရက်တွင် ၉၀၀၆၀၀ အထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၃ ရက် တွင် မေ ၁၆ ရက် နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျပ် ၉၀၀၀၀၀ အောက်အထိ ကျဆင်းခဲ့ကြောင်း သိရသည်။ ဇူလိုင် ၁၇ ရက်တွင် ကျပ် ၈၉၆၀၀၀ ၀န်းကျင်၊ ဇူလိုင် ၁၈ ရက် တွင် ကျပ် ၈၉၈၁၀၀ ၀န်းကျင်သို့ ရောက်ရှိလာကြောင်း သိရသည်။      

Eleven Media Group

No comments:

Post a Comment