Latest News

Thursday, July 6, 2017

တိုက်စစ်မှူးမက်ဆီ ဘာစီလိုနာနှင့် ၃ နှစ် သက်တမ်းတိုးစာချုပ်ရန် သဘောတူညီမှုရ

တိုက်စစ်မှူးမက်ဆီ ဘာစီလိုနာနှင့် ၃ နှစ် သက်တမ်းတိုးစာချုပ်ရန် သဘောတူညီမှုရ

တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ၃ နှစ်သက်တမ်းတိုးစာချုပ်ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ ဘာစီလိုနာအသင်းက တရားဝင် ကြေညာလိုက်ပါတယ်။

သူ့ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ တနှစ်ပဲကျန်တော့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
အသက် ၃၀ ရှိပြီဖြစ်တဲ့ မက်ဆီဟာ စာချုပ်သစ်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ဘာစီလိုနာအသင်းမှာ ရှိနေမှာပါ။
၂၀၀၁ ခုနှစ်က ဘာစီလိုနာ လူငယ်အသင်းတွေမှာ စတင်ကစားခဲ့တဲ့ မက်ဆီဟာ ၂၀၀၄ ခုနှစ်မှာတော့ ဘာစီလိုနာအသင်းကြီးမှာ စပြီး ကစားခဲ့တာပါ။

သူဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၅၈၃ ပွဲ ကစားပေးထားပြီး ကလပ်စံချိန်တင် ၅၀၇ ဂိုး သွင်းပေးထားသူ ဖြစ်ပါတယ်။
DVB

No comments:

Post a Comment