
ကျောင်းကုန်းမြို့တွင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာပြင်းထန်
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ကွမ်းခြံကုန်းအုပ်စု၊ပေါက်ပင်ကွင်းကျေးရွာအနီးတွင် ဇူလိုင် ၁၈ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ အောင်ကျော်မင်း(၃၈)နှစ်၊ပုသိမ်မြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 3G/-------- နံ့သာရောင်အား မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ ယာဉ်မောင်း ဂန္ဒီ(ခ)ဦးတင်ရွှေ (၆၀)နှစ် မင်္ဂလာတောင်ညွန့် နေသူမောင်းနှင်သည့် EE/---------PASSO နံ့သာရောင် မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် ယာဉ်မောင်း ဦးတင်ရွှေ နှင့် ယာဉ်ပေါ်တွင် လိုက်ပါစီးမင်းလာသည့် အွတ်စမန်း တို့သည် ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့ကြပြီး၊လွှမ်းမိုး ဆိုသူမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်သေဆုံးစေသူ ယာဉ်မောင်း ဂန္ဒီ(ခ)ဦးတင်ရွှေ အား ကျောင်းကုန်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၄၇/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ကျောင်းကုန်း)
ဖုန်း-၀၉၇၉၁၄၅၇၃၈၃
No comments:
Post a Comment