Latest News

Tuesday, July 18, 2017

ခန္တီးမှာတာရိုးပြိုကျမှုကြောင့် ယာဉ်သွားလာမှုပိတ်ပင်ထားရ

ခန္တီးမှာတာရိုးပြိုကျမှုကြောင့် ယာဉ်သွားလာမှုပိတ်ပင်ထားရ


ခန္တီးမြို့၊ပေါမိုင်းရပ်ကွက်မှာသည်ကနေ့နံနက်ငါးနာရီခန့်က မြစ်ကမ်းနံဘေးရှိတာရိုးပြိုကျမှု ကြောင့် အဆိုပါလမ်းကိုယာဉ်သွားလာမှု ရပ်တန့်ထေားတယ်လို့ ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးမင်းဆွေကပြောပါတယ်။“ပိတ်ထားတာကတော့ လွန်ခဲ့တဲ့ ၁၅ ရက်လောက်ထဲကအဲ့ဒီမှာနည်းနည်းပဲ့ထားတာရှိတော့ပိတ်ထားတာ၊ အခုလည်းပိတ်ထားတုန်းပါပဲ။ အခုပြိုသွားတဲ့နေရာရဲ့အောက်မှာအရင်ထဲကရေစိမ့်ပေါက် နှစ်ပေါက်ရှိတယ်။ မြစ်ရေကလည်းတက်လာတာတစ်ကြောင်း၊ ကမ်းပါးဆိုတော့လည်းစက်လှေတွေသွားတာလည်းပါတာပေါ့ဗျာအဓိကမြစ်ရေကြီးတာရယ်၊ မြစ်ရေစီးကြောင်းကဒီဖက်ကိုတိုးတာရယ်ပေါ့။ နောက်ထပ်မြစ်ရေတိုးလာမယ်ဆိုရင်တော့အန္တရယ်ရှိတယ်။” လို့ ဦးမင်းဆွေကပြောပါတယ်။

ပြိုကျမှုဖြစ်ပွားခဲ့တဲ့ တာရိုးပေါ်မှာလူနေအိမ်များရှိပေမယ့် ထိခိုက်ပျက်စီးမှုတော့မရှိဘူးလို့ သိရပါတယ်။ပေါမိုင်းရပ်ကွက်မှာအိမ်ခြေခုနှစ်ရာကျော်ရှိပြီးလူဦးရေသုံးထောင်ကျော်ခန့်နေထိုင်တယ်လို့ သိရပါတယ်။ “တာကအကုန်လုံးပြိုသွားတာတစ်ချို့နေရာတွေဆိုငါးပေလောက်ပဲကျန်တယ်။ တာပေါ်မှာလူနေအိမ်တွေရှိတယ် ဒါပေမယ့် အခုပြိုတဲ့နေရာနဲ့ကပေ ၂၀ လောက်ကွာတယ် တာရိုးကလည်းပေ ၂၀ လောက်ရှိတာဆိုတော့စိုးရိမ်ဖို့မရှိပါဘူး။ အရင်ကအဲ့ဒီနေရာကလျှိဖြစ်တယ် လျှိုကိုသူတို့ကမြေဖို့လိုက်တယ်။ သတ်မှတ်တဲ့သိပ်သည်းမှုတို့ဘာတို့မလုပ်နိုင်ဘူးပေါ့ နောက်ပြီးကျောက်မျက် ကုမ္ပဏီကလှူတာဆိုတော့ သူတို့ကားတွေသူတို့စက်တွေနဲ့ပဲလာဖို့သွားတာဆိုတော့ သိပ်သည်းအောင်ကြိတ်တာတို့ဘာတို့ ပြုလုပ်သွားတာမရှိတဲ့အတွက် ဖြစ်တာပေါ့နော်။” လို့ ခန္တီးခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးဦးကရှင်းပြပါတယ်။

အဆိုပါ တာရိုးပြုပြင်မှုကိုမနက်ဖြန်မှာ ပြန်လည်ပြုပြင်သွားမှာဖြစ်ပြီးခန့်မှန်းကုန်ကျငွေ ငွေကျပ်သိန်းတစ်ရာခန့် အထိကုန်ကျနိုင်တယ်လို့ သူကဆက်ပြောပါတယ်။ ချင်းတွင်းမြစ်ရဲ့ စိုးရိမ်ရေမှတ်က ၁၃၆၀ ခန့်ဖြစ်ပြီး ခန္တီမြို့ကတော့ စိုးရိမ်ရေအမှတ်အောက်ကျဆင်းခဲ့ပြီးဟုမ္မလင်း၊ဖောင်းပြင်၊မော်လိုက်၊ကလေးဝ၊မင်းကင်း၊ကနီနဲ့ မုံရွာစတဲ့ နေရာတွေမှာတော့ နောက်နှစ်ရက်အတွင်းစိုးရိမ်ရေအမှတ်အောက် ကျဆင်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကဇူလိုင်လ ၁၇ ရက်နေ့ကသူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာဖော်ပြထားပါတယ်။
Author / ဝင်းနန္ဒာ

photo/ U Min Swe

Kumudra

No comments:

Post a Comment