Latest News

Tuesday, July 18, 2017

အခြေခံဥပဒေဖျက်သိမ်းပေးရေး လျောက်ထားမှု နေပြည်တော်ခရိုင်တရားရုံးကလက်မခံ

အခြေခံဥပဒေဖျက်သိမ်းပေးရေး လျောက်ထားမှု နေပြည်တော်ခရိုင်တရားရုံးကလက်မခံ

ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပေးရေး လျောက်ထားမှုကိုနေပြည်တော်ကောင်စီနယ်မြေ၊ဒက္ခိဏခရိုင်တရားရုံးက လက်မခံဘဲ တရားလိုတွေကိုပြန်ပေးခဲ့တယ်လို့သိရပါတယ်။

““တရားလိုများစွဲဆိုသောအမှုသည် က်ျရုံး၏စီရင်ခွင့်အတွင်းမကျရောက်သဖြင့် အဆိုပြုလွှာအား တရားလိုများသို့ပြန်ပေးလိုက်သည် “လို့ပြောပြီး ကျတော်တို့ တရားလိုအဖြစ်တိုင်တန်းသူ ၁၅ ဦးကိုတရားသူကြီးဦးကပြန်ပေးလိုက်တာပါ”လို့ ၁၉၉၀ အမတ်ဟောင်းလည်းဖြစ်ဥပဒေအကြံပေးလည်းဖြစ်တဲ့ ဦးအောင်သူရကတရားရုံးကပြန်ထွက်လာစဉ်ပြောပါတယ်။

၁၉၉၀ ခုနှစ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သုံးဦးအပါအ၀င် အရပ်ဘက်အဖွဲ့အစည်းဝင် ၁၅ ဦးတို့က “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)အားတရားမ၀င်ကြောင်း ကြောငြာဖျက်သိမ်းပေးစေလိုမှု”အဖြစ် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်တရားရုံးမှာတရားမကြီးအမှုအဖြစ်ယနေ့ နံနက်ပိုင်းက တရားစွဲဆိုပြုလွှာတင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါကိုတရားရုံးကယနေ့ ညနေ၄း၃၀ခန့်မှာ အထက်ပါအတိုင်းအကြောင်းပြန်ကာ အမှုကိုလက်ခံခြင်းမရှိဘဲ တရားလိုတွေကိုပြန်ပေးလိုက်တာဖြစ်ပါတယ်။

ယနေ့ အမှုကို တရားလိုအဖြစ်တိုင်ကြားသူတွေထဲက ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေက ဦးဒေးဗစ်လှမြင့် ၊ဦးလှထွန်းနဲ့ ဦးအောင်သူရတို့ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာတော့ ဒေါ်နော်အုန်းလှ နှင့်၁၁အဖွဲ့ဖြစ်ပါတယ်။

ချိုဇင်မာဝင့်/Kumudra

No comments:

Post a Comment