Latest News

Sunday, July 2, 2017

ရန်ကုန်က အမျက်တော်ပြေဘုရား စိန်ဖူးတော်အား ခိုးယူရန် ကြံစည်အားထုတ်သူကို ရဲဖမ်း

ရန်ကုန်က အမျက်တော်ပြေဘုရား စိန်ဖူးတော်အား ခိုးယူရန် ကြံစည်အားထုတ်သူကို ရဲဖမ်း

ရန်ကုန်၊ ဇူလိုင် ၂

ဇူလိုင်လ ၂ ရက်နေ့ နံနက် ၂နာရီခွဲအချိန်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၂)ရပ်ကွက်၊ ၀ဋ်ကြွေး တော်ပြေဘုရင်းဝင်းနေသူအား ၎င်း ပရ၀ုဏ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သော သံဃာတော်များမှ အမျိုးသားတစ်ဦး အမျက်တော်ပြေဘုရားပေါ်သို့ တက်ရောက်၍ ဘုရားစိန်ဖူးတော်အား ဖြုတ်ယူနေကြောင်း ပြောဆိုသဖြင့် သံဃာတော်များနှင့်အတူသွားရောက်၍ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ ကျော်မိုးထိုက် (၄၃) နှစ် ဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော (၂)လခန့်က ဘုန်းတော်ကြီးကျောင်းတွင်လာရောက် နေထိုင်သူဖြစ်
ကြောင်း သိရှိရပါသည်။

ယင်းသို့ ဘုရားစိန်ဖူးတော်အား ခိုးယူရန်ကြံစည်အားထုတ်သူကျော်မိုးထိုက်အား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲ စခန်း(ပ)၁၁၉၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅/၃၇၉/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားသည်။

Popular News Journal

No comments:

Post a Comment