အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဝတ်ဆင်မည့် Nike အိမ်ကွင်း၊ အဝေးကွင်းဝတ်စုံကို ချယ်လ်ဆီးကစားသမားများ ၀တ်ဆင်ပြသ
ချယ်လ်ဆီးအသင်း၏ (၁၁၂)နှစ်ကြာ အသင်းသမိုင်းတစ်လျှောက် တွင် ပထမဆုံးဝတ်ဆင်မည့် Nike ၀တ်စုံများကို ချယ်လ်ဆီးကစားသမား များက ၀တ်ဆင်ပြသကာ ကြေညာခဲ့ကြကြောင်း သိရှိရသည်။
အမေရိကန်အားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Nike မှ ထုတ်လုပ်သော အပြာရောင်အိမ်ကွင်းအင်္ကျီနှင့် အဖြူရောင်အဝေးကွင်း အင်္ကျီများကို ဟာဇက်၊ ဒေးဗစ်လူးဝစ်ဇ်၊ ၀ီလီယံ၊ ဂယ်ရီကာဟေးလ်၊ ကွန်တေအ စရှိသောကစားသမားများက ၀တ်ဆင် ပြသခဲ့ကြခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ဂျာမန်အားကစားပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ Adidas နှင့် စာချုပ်ကိုအဆုံးသတ်ပြီးနောက် Nike ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်း၏ အိမ်ကွင်း အင်္ကျီမှာ မူလအရောင်အသွေး အတိုင်း အပြာရောင်ဖြစ်ပြီး ၁၉၇၀၀န်းကျင်နှစ်များက အသင်းအင်္ကျီဒီဇိုင်းကို အခြေခံ၍ ဒီဇိုင်းရေးဆွဲကာ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Nike ကုမ္ပဏီ၏ AeroSwift နည်းပညာဖြင့် ထုတ်လုပ်ထားသော ယင်းအင်္ကျီမှာ ကစားသမားများကို အသက်ရှူချောင် စေကာ သက်သောင့် သက်သာဖြစ်စေမည်ဟု သိရှိရသည်။ ပရိသတ်များအတွက် ရောင်းချမည့် အင်္ကျီမှာ သာ မန်လူကြီးဝတ်တစ်ထည်အတွက် (၅၉.၉၅)ပေါင်ဖြစ်ကြောင်း သိရှိရသည်။
Photos: The Sun
Eleven Sports
Sunday, July 2, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment