Latest News

Sunday, July 2, 2017

“ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ’’

“ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ’’

ရန်ကုန်    ဇူလိုင်   ၁

ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) နှစ်(၁၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ(၁) ရက်နေ့ နံနက် (၉)နာရီတွင် အဆိုပါ ဆေးရုံကြီးရှိ စာသင်ဆောင်ခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြား သည်။

ပြည်ထောင်စုဝန်ကြီးက  ယခုကဲ့သို့ ရှေးဟောင်းအမွေအနှစ် အဆောက်အဦကို  ယခုကာလ အထိ ထိန်းသိမ်း စောင့်ရှောက် ခဲ့ သော ခေတ်အဆက်ဆက် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများနှင့် ဝန်ထမ်းများ အားလုံးကို  အထူးကျေးဇူးတင်ပါကြောင်းနှင့် လိုအပ်သည်များကို ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုး ပေးသွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် အငြိမ်းစား ပါမောက္ခ(သားဖွား/မီးယပ်) ဒေါက်တာမြမြ၊ အငြိမ်းစား ဆေးရုံအုပ်ကြီး ဒေါက်တာခင်မြသွင်၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာညွန့်သိန်းတို့က ဂုဏ်ပြုအမှတ်တရ စကား များပြောကြားကြပြီး ပါမောက္ခ/ဌာနမှူး (သားဖွား/မီးယပ်) ဒေါက်တာ စမ်းစမ်းမြင့်က ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ ဆေးရုံ အုပ်ကြီး ဒေါက်တာပပက နှစ်(၁၂၀)ပြည့်  အခမ်းအနားကျင်းပရ ခြင်းအကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ မြင့်ဟန်တို့က အထိမ်းအမှတ် မုခ်ဦးအား ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြ ကာ  ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)ကို (၁၈၉၇)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါနှစ် (၁၂၀)ပြည့်မြောက်ပြီဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့်အတူ ဗဟန်းမြို့နယ် အနောက်မြင်းပြိုင်လမ်းရှိ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧည့်ရိပ်သာ အစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးရုံအုပ်ချုပ် မှုပညာအဖွဲ့ငယ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပြည်သူ့ ဆေးရုံများတွင် ကုသရေးလုပ်ငန်းများ၊ စီမံခန့်ခွဲရေးလုပ်ငန်းများ ၊ ဘက်စုံဝန်ဆောင်မှု များတိုးတက် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ပြန်ကြားရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment