Latest News

Saturday, July 1, 2017

အမေရိကန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံရေတပ်ပူးပေါင်းကာ ဖိလစ်ပိုင်ရေနက်ပိုင်းတွင် ကင်းလှည့်

အမေရိကန်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံရေတပ်ပူးပေါင်းကာ ဖိလစ်ပိုင်ရေနက်ပိုင်းတွင် ကင်းလှည့်

မနီလာ ဇူလိုင်  ၁

ဖိလစ်ပိုင်နိုင်ငံတွင်      အမေရိကန် ပြည်ထောင်စုနှင့်   ဖိလစ်ပိုင်နှစ်နိုင်ငံ ရေတပ်များသည် ဇူလိုင် ၁ ရက်က အိုင်အက်စ်အကြမ်းဖက်သမားများနှင့် ပင် လယ်ဓားပြများ ကြီးစိုးနေသည်ဟု နိုင်ငံ တကာ စိုးရိမ်ပူပန်မှုများမြင့်တက်နေပြီး အန္တရာယ်ထူပြောလှသော   ဖိလစ်ပိုင် ရေပိုင်နက်တွင် ပူးတွဲကင်းလှည့်မှုပြုလုပ် ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စု တိုက် ခိုက်ရေးရေယာဉ်  ယူအက်စ်အက်စ် ကော်ရိုနာဒိုသည်   ဖိလစ်ပိုင်ရေတပ်မှ စစ်သင်္ဘော ဘီအာရ်ပီအယ်လ်ကာရက်ဇ် နှင့် ပူးပေါင်း၍ ၂ဝ၁၅ ခုနှစ်ကတည်းက စကာ   ကုန်သွယ်ရေကြောင်းသင်္ဘော များကို ပင်လယ်ဓားပြများ တိုက်ခိုက်နေ သည်ဟု နာမည်ကြီးသည့် ဆူလူးပင်လယ် တွင် ကင်းလှည့်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နှင့်ပူးတွဲ၍   ပင်လယ်ပြင်             ပူးတွဲကင်းလှည့်ဆောင်ရွက်မှုသည် မဟာ မိတ်နိုင်ငံများအပေါ်ထားသော  ကတိ                ကဝတ်များကို မည်မျှလေးစားကြောင်း ပြသရာရောက်သလို   ပင်လယ်ဓားပြ များနှင့် တရားမဝင်လုပ်ရပ်များကိုလည်း ဟန့်တားလိုရင်းကြောင့်  ဖြစ်ကြောင်း    အမေရိကန်ရေတပ်ဗိုလ်ချုပ်  ဒွန်ကာဘရီ ဆင်န်က မနီလာရှိ အမေရိကန်သံရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင်ပြော ကြားခဲ့သည်။ လွန်ခဲ့သော ငါးပတ်က ဖိလစ်ပိုင်တောင်ပိုင်း      မာရဝီမြို့ကို သိမ်းပိုက်ခဲ့သော မွတ်စလင်သူပုန်များနှင့်  ဆက်သွယ်ရန် မလေးရှားနှင့် အင်ဒိုနီးရှား  ပင်လယ်နယ်နိမိတ်ကို ဖြတ်ကျော်လာမည့် အိုင်အက်စ်အကြမ်းဖက်သမားများ၏ ရန် ကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက  စိုးထိတ်နေသည်။ အဆိုပါမာရဝီတိုက်ခိုက် မှုတွင် စစ်သွေြး<ွက ၃ဝဝ၊ လုံခြုံ ရေးတပ်ဖွဲ့ဝင် ၈၂ဦးနှင့် အရပ်သား ၄၄  ဦးကျဆုံးခဲ့ ကြောင်း   သိရသည်။   ဖိလစ်ပိုင်အစိုးရ၏   ဖိတ်ကြားချက်ဖြင့် ယခုလို  ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခြင်း  ဖြစ် ကြောင်း  သိရသည်။(မြန်မာ့အလင်း)

No comments:

Post a Comment