Latest News

Monday, July 10, 2017

မနီလာမှ ဒူဘိုင်းသို့ ပျံသန်းမည့် ဖိလစ်ပိုင် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း လေကာမှန် အက်ကွဲမှုကြောင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရ

မနီလာမှ ဒူဘိုင်းသို့ ပျံသန်းမည့် ဖိလစ်ပိုင် လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း လေကာမှန် အက်ကွဲမှုကြောင့် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည့် ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်အား တွေ့ရစဉ်

မနီလာမှ ဒူဘိုင်းသို့ပျံသန်းမည့် ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် လေကာမှန်အက်ကွဲမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။

မနီလာမှ ဒူဘိုင်းသို့ပျံသန်းမည့် ဖိလစ်ပိုင်လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် PR 658 သည် ဇူလိုင် ၁၀ ရက် နံနက် ၂ နာရီ ၁၀ မိနစ်က လေကာမှန်အက်ကွဲမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းထိန်းမျှော်စင်သို့ အရေးပေါ် ဆင်းသက်ခွင့် တောင်းခံခဲ့သဖြင့် ရန်ကုန်လေဆိပ်၊ လေကြောင်းထိန်းမျှော်စင်က ဆင်းသက်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမြင့်ပေ ၄၀၀၀၀ ကနေ ပျံတယ်။ ပျံတဲ့အခါ မြန်မာနိုင်ငံရဲ့ လေပိုင်နက်ကိုဖြတ်တယ်။ ဖြတ်သွားတဲ့အချိန်မှာ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက်အရောက်မှာ သူတို့လေယာဉ်ပျံဆင်းသက်ချင်လို့ ခွင့်တောင်းတယ်။ ဒီကနေ ဘာလို့ဆင်းသက်ချင်တာလဲမေးတော့ သူတို့လေယာဉ်က ရှေ့လေကာမှန်က ဟလာတော့ ဆက်ပျံလို့ အဆင်မပြေလို့ဆိုပြီး ခွင့်တောင်းတယ်။  တကယ်လို့ အဲဒီလေယာဉ်ပျံ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ရန်ကုန်လေဆိပ်မှာ တာဝန်ရှိလာနိုင်တယ်ဆိုတော့ ပေးဆင်းလိုက်တယ်။ လေယာဉ်က ၂ နာရီ ၁၀ မိနစ်မှာရောက်တယ်။ ခရီးသည် ၁၇၇ ယောက်၊ လေယာဉ်မှူးက ၁၃ ယောက်ပါတယ်။ ဆက်သွယ်၍ ရသလောက်တော့ ဒီညနေ သူတို့ဆီက ခရီးသည်တွေကိုခေါ်မယ့် လေယာဉ်နောက်တစ်စင်းလာမယ်လို့ သိရတယ်။ လေယာဉ်ကတော့ သူတို့ရဲ့ အင်ဂျင်နီယာတွေလာပြီး ပြင်ဆင်မယ်လို့ပြောတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအုန်းလွင်က ပြောကြားသည်။

ဖိလစ်ပိုင်လေကြောင်းလိုင်းသည် ၎င်းတို့ခရီးသည်များအား အခြားလေယာဉ်တစ်စင်းဖြင့် အစားထိုးပျံသန်းရန် လာရောက်ခေါ်ဆောင်မည်ဟု သိရပြီး လက်တလောတွင် ခရီးသည်များအား Terminal 1 Airport Lounge တွင် နေရာချထားပေးကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။  
Eleven

No comments:

Post a Comment