Latest News

Monday, July 10, 2017

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ကျော်ကို လစဉ်ပညာသင် ထောက်ပံ့ကြေး ကျပ်သုံးသောင်းပေးအပ်မယ်

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ကျော်ကို လစဉ်ပညာသင် ထောက်ပံ့ကြေး ကျပ်သုံးသောင်းပေးအပ်မယ်

တက္ကသိုလ်အသီးသီးကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး တက္ကသိုလ်အသီးသီးမှာ ပထမနှစ်တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပညာရေးဝန်ကြီးဌာနမှ လစဉ်ကျပ်သုံးသောင်းနှုန်း ပညာသင်ထောက်ပံ့ကြေး ပေးအပ်နိုင်ဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးရှိ တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ခန့်ပေးအပ်နိုင်ဖို့ လျာထားတာ ဖြစ်ပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ထောက်ပံ့ကြေးပေးနိုင်ဖို့အတွက် တက္ကသိုလ်အသီးသီးကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ပညာသင်ထောက်ပံ့ကြေးကို လျှောက်ထားလိုသူတွေဟာ မိမိတို့ တက်ရောက်နေတဲ့ သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ လျှောက်လွှာတွေ ရယူဖြည့်စွက်ပြီး သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ လျှောက်ထားနိုင်တာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့အချက်တွေဟာ  အများကြီးရှိပေမယ့် အခြေခံကတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။မြို့နယ်တစ်မြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူ ဘယ်လောက်ရှိတယ်ဆိုတာကို စာရင်းယူပြီးပေးအပ်သွားမှာဖြစ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုလည်း စိစစ်ဖို့အတွက် စာပို့ထားတယ်လို့ သိရပါတယ်။
Source: Democracy Today;Duwun
Photos: Dagon University


No comments:

Post a Comment