Latest News

Monday, July 10, 2017

ကမ္ဘာ့အသက်အကြီးဆုံး ရေမြင်း ကွယ်လွန်ရှာပြီ

ကမ္ဘာ့အသက်အကြီးဆုံး ရေမြင်း ကွယ်လွန်ရှာပြီ

ထိန်းသိမ်း ထားတဲ့ ရေမြင်း တွေထဲ ကမ္ဘာပေါ်မှာ အသက်ကြီးဆုံး အဖြစ် ယူဆခံရတဲ့  ဖိလစ်ပိုင်နိုင်ငံက ‘ဘာသာ’ အမည်နဲ့ ရေမြင်းမကြီးဟာ အသက် ၆၅ နှစ် အရွယ်မှာ သေဆုံးသွားပါတယ်။

‘ဘာသာ’  ဟာ မနီလာ တိရစ္ဆာန်ဥယျာဉ် မှာ သက်တမ်းအရှည်ဆုံး ရှိခဲ့တဲ့ တိရစ္ဆာန် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ဥယျာဉ် စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၉၅၉ ခုနှစ်ကတည်းက အသက် ၇ နှစ် အရွယ် အနေနဲ့ ရှိလာခဲ့တာပါ။

တိရစ္ဆာန်ရုံမှာ ‘ဘာသာ’   ရေမြင်းမ လာခဲ့ရာ ရင်းမြစ်နဲ့ စပ်လျဉ်းတဲ့ စာရွက်စာတမ်းတွေ ပြုစုထားတာ မရှိလို့ သူ့ အသက်ကို အထောက်အထား ခိုင်ခိုင်မာမာနဲ့ သက်သေပြလို့တော့ မရပါဘူး။  ဒါပေမယ့် ရေမြင်းတွေရဲ့ ပျမ်းမျှ သက်တမ်းက အနှစ် ၄၀ ကနေ ၅၀ ကြား ရှိတတ်ကြပါတယ်။

‘ဘာသာ’   ရေမြင်းမကြီးဟာ မြက်ပင်၊ သစ်သီးနဲ့ ပေါင်မုန့် စားရတာကို နှစ်သက်ခဲ့တယ်လို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။

အခု ‘ဘာသာ’   မရှိတဲ့ နောက် မနီလာ ဥယျာဉ်မှာ အသက်အကြီးဆုံး တိရစ္ဆာန်က အသက် ၄၃ နှစ် အရွယ် မာလီ အမည်နဲ့ အာရှ ဆင် ဖြစ်ပါတယ်။

အဲဒီ ဆင်ကြီးကိုလည်း ထိုင်းနိုင်ငံက သဘာဝ တိရစ္ဆာန် ဘေးမဲ့တော ထဲကို ပို့ပေးဖို့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေက ဒီနှစ် အစောပိုင်းကပဲ တောင်းဆိုထားကြပါတယ်။
ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment