Latest News

Saturday, July 8, 2017

ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေကို ယခင်ကာလများကဲ့သို့ ကျပ် ၁၅ သိန်းပေးရန် အစီအစဉ် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ပြောကြား

ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေကို ယခင်ကာလများကဲ့သို့ ကျပ် ၁၅ သိန်းပေးရန် အစီအစဉ် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ြေေပြောကြ
ား

ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေ ယခင်ကာလများကဲ့သို့ ကျပ် ၁၅ သိန်းပေးရန် အစီအစဉ် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင်က ပြောကြားသည်။

ဇူလိုင် ၇ ရက်က ပြည်သူ့လွှတ်တော်တွင် ရမ်းဗြဲ မဲဆန္ဒနယ်မှ ဦးကျော်ရွှေက ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှုတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေ ယခင်ကာလများကဲ့သို့ ကျပ် ၁၅ သိန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေတို့နှင့်အညီ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းလာသည့်အခါ တရားမဲ့ပြုကျင့်မှု ရှိ မရှိ ဆုံးဖြတ်နိုင်ရန် ရွေးကောက်ပွဲဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းစစ်ဆေးကြောင်း၊ ထိုသို့ ဖွဲ့စည်းသည့် ခုံအဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာ စစ်ဆေးရာတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေအရ တရားမမှုများကို စစ်ဆေးရာတွင် လိုက်နာရသည့် ကျင့်ထုံးနှင့်အညီ ကန့်ကွက်လွှာကို စစ်ဆေးကြောင်း၊ ထို့အတူ ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိသဖြင့် တင်သွင်းသူ၏ အယူခံအမှုကို ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင် အားလုံးပါဝင်သည့် စုံညီခုံရုံးက သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအရ ကြားနာစစ်ဆေးကြောင်း၊ တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၃၅ တွင် တရားစရိတ်နှင့် ပတ်သက်၍ သတ်မှတ်ထားသော စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် လည်းကောင်း တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်ပါ တစ်ရပ်ရပ်နှင့် လည်းကောင်း မဆန့်ကျင်စေဘဲ တရားမမှုများနှင့် ပတ်သက်သည့် တရားစရိတ်များမှာ တရားရုံး၏ သဘောအတိုင်း ဖြစ်စေရမည်။ ယင်းတရားစရိတ်များကို မည်သူက သို့မဟုတ် မည်သည့်ပစ္စည်းမှ မည်မျှထိ ပေးရမည်ကို ဆုံးဖြတ်ရန်နှင့် အထက်တွင် ဆိုခဲ့သည့် ကိစ္စများအတွက် လိုအပ်သည်များကို ညွှန်ကြားရန် တရားရုံးတွင် အာဏာအပြည့်အ၀ ရှိစေရမည်။ တရားရုံးက ယင်းအမှုကို စစ်ဆေးစီရင်ပိုင်ခွင့်အာဏာ မရှိခြင်းကြောင့် အဆိုပါ အာဏာများ ကျင့်သုံးခြင်းကို ပိတ်ပင်ခြင်း မဖြစ်စေရဟု ပြဋ္ဌာန်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင်က ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများသည် အရပ်ဘက် တရားမမှုများနှင့် အမှုသဘောသဘာဝအရ တူညီမှု မရှိကြောင်း၊ တရားစရိတ် ငွေများကိုလည်း ပုံသေသတ်မှတ် ပြဋ္ဌာန်းချက် မရှိကြောင်း၊ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ခုံအဖွဲ့များ အနေဖြင့် တရားစရိတ်ငွေများ ချမှတ်ခဲ့ခြင်းမှာ ဥပဒေပြဋ္ဌာန်းချက် ဘောင်အတွင်းမှ အသင့်မြတ်ဆုံး အမိန့်ကို ဆင်ခြင်တုံတရားဖြင့် ရွေးချယ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင်က ပြောကြားသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ခုံအဖွဲ့များက ဝေးလံခေါင်သီသည့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုများနှင့် စပ်လျဉ်း၍ တရားစရိတ်ငွေ ကျပ်နှစ်သိန်းအထိ ချမှတ်မှုများ ရှိခဲ့ပြီး တရားစရိတ် ငွေကျပ်တစ်သိန်းမှာ ပုံသေ မဟုတ်ကြောင်း၊ ထို့ကြောင့် ကန့်ကွက်လွှာအမှုများတွင် ရှုံးနိမ့်သူက အနိုင်ရသူအား ယခင်ကာလများကဲ့သို့ တရားစရိတ်ငွေ ကျပ် ၁၅ သိန်းပေးချေနိုင်ရန် အစီအစဉ် မရှိပါကြောင်းနှင့် နောင်တွင် လျှောက်ထားလာသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများ၌ လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့၏ အမှန်ကုန်ကျမည့် စရိတ်တို့အပေါ် ဆင်ခြင်သုံးသပ်ပြီး တရားစရိတ်များအား ငွေကျပ်တစ်သိန်းထက်ပို၍ တိုးမြှင့်ချမှတ်ပေးရန် အစီအစဉ် ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

Eleven Media Group

No comments:

Post a Comment