Latest News

Thursday, July 13, 2017

အာဇာနည်နေ့မှာ ကြက်ခြေနီတပ်ဖွဲ့တာဝန်ရှိသူအဖြစ် ထမ်းဆောင်မယ့် ဝေဠုကျော်

အာဇာနည်နေ့မှာ ကြက်ခြေနီတပ်ဖွဲ့တာဝန်ရှိသူအဖြစ် ထမ်းဆောင်မယ့် ဝေဠုကျော်

ဇူလိုင်(၁၉)ရက်နေ့မှာ ကျင်းပမယ့် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားမှာ အာဇာနည် ဗိမာန်အပါအဝင် အခမ်းနား နဲ့ သတ်ဆိုင်တဲ့ နေရာများမှာ ကြည်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူ တစ်ယောက်အဖြစ် ရှိနေမယ့်သူကတော့ သရုပ်ဆောင် ဝေဠုကျော်ပါ။

ယခင်နှစ်တုန်းက အာဇာနည်နေ့ အခမ်းအနားမှာ အာဇာနည်ကုန်းအပြင် ဗိုလ်ချုပ်ပြတိုက်နဲ့ ဝန်ကြီးများရုံအထိ သွား ရောက်ခဲ့ပေမယ့် ယခုနှစ်မှာတော့ နေရာအများအပြားကို သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီနှစ်မှာတော့ ဗဟိုကောင်စီဝင် အလုပ်အမှုဆောင်ဖြစ်တာကြောင့် ကြက်ခြေနီယူနီဖောင်းဝတ်ခွင့်မရသဖြင့် ကြက်ခြေနီတံ ဆိပ်ပါ ရှိတဲ့ အပေါ်ထပ် အင်္ကျီ(ဝေ့စ်ကုတ်)သာ ဝတ်ဆင်မယ်လို့ 7day Daily ကို ဖြေဆိုပေးထားပါတယ်။

"ဂျူတီကတော့ အရင်လို အာဇာနည်ကုန်းတစ်ခုတည်း မ ဟုတ်တော့ဘူး။ ကျွန်တော်အရင် ကတော့ ကြက်ခြေနီရန်ကုန်တိုင်း တပ်ခွဲမှူးမို့လို့ ဂျူတီတစ်ခုအနေ နဲ့ ဝင်ရတာ။ အခုတော့ ဗဟိုကောင် စီဝင်အလုပ်အမှုဆောင်ဖြစ်သွား တဲ့အတွက် ကျွန်တော်က ကြီး ကြပ်အနေနဲ့ဝင်ရမှာ" လို့ ယင်းအင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

ဝေဠုကျော်အနေနဲ့ တာဝန်ရှိ အဖွဲ့အစည်းများက ဖိတ်ကြားသည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ တာဝန်ယူသင့်တဲ့ နေရာတိုင်း ကို သွားရောက်ကူညီမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဝေဠုကျော်အနေနဲ့ ထိုကဲ့သို့ ကူညီဆောင်ရွက်ခဲ့သည်မှာ လေးနှစ်ခန့် ရှိပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပရဟိတအလုပ်တွေလုပ်ရင်းနဲ့လည်း အနုပညာအလုပ်တွေ ပြန်လာလုပ်ကိုင်လာတာလည်း တွေ့ရပါတယ်။ သရုပ်ဆောင် ဝေဠုကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကား ရိုက်ကူးထားတယ်လို့ သိရပါတယ်။ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူးထားသော ဘက်ကီးရုပ်ရှင်ဇာတ်ကားနဲ့ အိန္ဒိယ ဒါရိုက်တာ ရိုက်ကူးထားတဲ့ မကြာမီမျှော် ဆိုတဲ့ ရုပ်ရှ်ငဇာတ်ကားကြီးတို့ ဖြစ်ပါတယ်။
Duwun

No comments:

Post a Comment