Latest News

Friday, July 14, 2017

ရန်ကုန်တိုင်းအစိုးရရောင်းမယ့် တန်ဖိုးနည်း ၁၅၀ဝ ဆွေးနွေးနေဆဲ

ရန်ကုန်တိုင်းအစိုးရရောင်းမယ့် တန်ဖိုးနည်း ၁၅၀ဝ ဆွေးနွေးနေဆဲ

မြို့ပြနှင့်အိမ်ရာ ဖွံ့ ဖြိုးရေးဦးစီးဌာနက တည်ဆောက်ပြီးစီးနေပြီဖြစ်တဲ့ တန်ဖိုးနည်း အိမ်ရာတွေထဲက အခန်းပေါင်း ၁၅၀ဝ ကျော်ကို ရန်ကုန်တိုင်းအစိုး ရ အစီအစဉ်နဲ့ ရောင်းချဖို့ လွှဲပြောင်းထားပြီးဖြစ်ပေမဲ့ ဘယ်လို ပုံစံနဲ့ ရောင်းချမယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦး စီးဌာနက ၂၀၁၇ ခုနှစ်မှာ တည် ဆောက် ပြီးစီးသွားတဲ့ အခန်းပေါင်း ၂၂၀ဝ ကျော်ထဲက ၁၅၀ဝ ကျော်ကို တိုင်း ဒေသကြီးအစိုးရအဖွဲ စီအစဉ်နဲ့ ရောင်းချနိုင်ဖို့ ပြီးခဲ့တဲ့ မေလက လွှဲ ပြောင်းခဲ့ပါတယ်။ ကျန်ရှိတဲ့အခန်း ၆၀ဝ ကျော်ကို မြို့ ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦး စီးဌာနက ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုး ရေးဘဏ် အစီအစဉ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျ ရောင်းချနေတယ်လို့ မြို့ပြနှင့်အိမ် ရာဖွံ့ ဖြိုးရေးဦး စီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို လွှဲပြောင်းထားတဲ့ အခန်း ၁၅၀ဝ ကျော်ကို မည်သည့်အစီအစဉ်နဲ့ ရောင်းချမယ်ဆိုတာ ဆွေးနွေးနေတဲ့အဆင့်သာ ရှိနေပါသေးတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ကို လွှဲပြောင်းထားတဲ့ ကျပ်သိန်း ၁၀ဝ နဲ့ ကျပ်သိန်း ၁၅၀ ခန့်တန်ဖိုးရှိတဲ့ အိမ်ရာ စီမံကိန်းသုံးခုဖြစ်တဲ့ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာအပိုင်း (၃)၊ ယုဇနနဲ့ ကနောင်တန်ဖိုးနည်းအိမ်ရာတွေကို ဘယ်လိုပုံစံ မျိုးနဲ့ ရောင်း ချမယ်ဆိုတာ အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားတာ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းချရာမှာ တိုင်းဒေသကြီးအစိုးရက မဲနှိုက်တဲ့စနစ်နဲ့ ရောင်းချခဲ့ပြီး အမှန်တကယ် ဝယ်ယူနေထိုင်သူ လက်ထဲကို မရောက်ခဲ့ဘူးလို့ ဆိုနေကြပါတယ်။
ဝင်ငွေနည်းပြည်သူတွေ ဝယ်ယူနိုင်စေဖို့ တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာတွေကို ကျပ်သိန်း ၁၀ဝ အောက်နဲ့ ရောင်းချနိုင်ရန် နည်းလမ်းရှာဖွေနေသလို တစ်နိုင်ငံလုံးမှာ အခန်းစုစုပေါင်း ၁.၈ သိန်း အကောင်အထည်ဖော်နိုင်ဖို့ ရည်ရယ်ထားကြောင်း သိရပါတယ်။
မေသက်(Kumudra)

No comments:

Post a Comment