Latest News

Saturday, July 8, 2017

ပုသိမ်မြို့နယ်၌ တောဆင်ရိုင်း တစ်ကောင်သေဆုံးမှုအား စုံစမ်း စစ်ဆေးနေ

ပုသိမ်မြို့နယ်၌ တောဆင်ရိုင်း တစ်ကောင်သေဆုံးမှုအား
စုံစမ်း စစ်ဆေးနေ


ပုသိမ် ဇူလိုင် ၈

ပုသိမ်မြို့နယ် ရှောပြာကျေးရွာအုပ်စု ဝါးယားကျေးရွာအနီး ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်းအပြင်ဘက် ကျောက်ချောင်းကြီး ကျေးရွာချောင်း အတွင်း ဇူလိုင် ၇ ရက် ညနေ ၃ နာရီခွဲက တောင်ဆင်ရိုင်း တစ်ကောင် သေဆုံးနေကြောင်း သတင်းအရ သလပ်ခွာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရှောပြာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ လုံးပတ် ၁၂ ပေ ခြောက်လက်မ၊ အမြင့် ခုနစ်ပေ၊ အလျား ကိုးပေခန့် အသက် ၃ဝ နှစ်ခန့်ရှိသော တောဆင်ရိုင်း အမတစ်ကောင်မှာ ပြင်ပ ဒဏ်ရာမရှိဘဲ သေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ဓမ္မတာ အတိုင်းသေဆုံးခြင်းဟုတ် မဟုတ် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆရာဝန် ဒေါက်တာ သန်းညွန့်ဦးက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုသိမ်လှကြည်(ပြန်/ဆက်)

No comments:

Post a Comment