Latest News

Saturday, July 8, 2017

နှာခေါင်းကိုအနှောင့်အယှက်ပေးတတ်တဲ့ လေအေးပေးစက်

နှာခေါင်းကိုအနှောင့်အယှက်ပေးတတ်တဲ့ လေအေးပေးစက်

လေအေးပေးစက်တွေဟာ တချို့လူတွေမှာ နှာစေးနှာပိတ်ခြင်းနဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေတယ်လို့ ပြောဆိုမှု တွေရှိနေပါတယ်။

အေးမြတဲ့ဆောင်းတွင်းအချိန်တွေမှာ အိမ်ပြင်ထွက်ပြီး လမ်း လျှောက်တဲ့အခါ တစ်ရှူးဆောင်ထားရသလိုမျိုးပဲ အေးစက် တဲ့အခန်းထဲမှာ လမ်းလျှောက်ရခြင်းကလည်း နှာရည်ယိုတာ တွေကိုဖြစ်လာစေမှာပါပဲလို့ ဘော့စတွန်မှာရှိတဲ့ဆေးဝါးကုသမှုဌာနမှာ ဓာတ်မတည့်မှုတွေကို ဦးဆောင်လေ့လာနေသူ ဒေါက်တာဂျွန်အိုမန်က ပြောခဲ့ပါတယ်။

အေးစက်တဲ့လေတွေက နှာခေါင်းအတွင်းမှာရှိတဲ့ အလို အလျောက်တုံ့ပြန်သော အာရုံကြောစနစ်ကို အခက်အခဲ ဖြစ်စေ တဲ့အခါ နှာခေါင်းအမြှေးတွေထဲမှာ ဂလင်းတွေကိုဖြစ်လာစေ ပြီးအပျစ်အချွဲတွေကို ထုတ်လုပ်ပေးပါတယ်။ အထူးသဖြင့် ဓာတ်မတည့်တဲ့ရောဂါရှိသူတွေမှာ ခုလိုပိုပြီး အဖြစ်များပါတယ်။ ဒါပေမယ့် အပူချိန်အပြောင်းအလဲနဲ့ စိုထိုင်းမှုက နှာပိတ်ခြင်း တစ်မျိုးတည်းကိုသာ ဖြစ်စေနိုင်တယ်လို့ ဒေါက်တာအိုမန်က ဆိုပါတယ်။

သေးငယ်တဲ့အမှုန်အမွှားတွေ၊ အမှိုက်နဲ့ ဖုန်မှုန့်-သဲမှုန့်တွေ ဟာ လေအေးပေးစက်ရဲ့ စစ်ထုတ်ကိရိယာ(filters) တွေထဲမှာ ပိတ်မိကပ်ညှိနေနိုင်ပြီး လေအေးပေးစက်ကို စဖွင့်လိုက်တဲ့ အချိန်မှာ အဲဒီအမှုန်တွေကို လေထဲကို ထုတ်လွှတ်လိုက်တာ ကြောင့် ဓာတ်မတည့်တဲ့သူတွေမှာ နှာစေးနှာပိတ်တာတွေ ပိုပြီးဖြစ်နိုင် တယ်လို့ UCLA ဆေးတက္ကသိုလ်မှ ဓာတ်မတည့် တုံ့ပြန်မှုဆိုင်ရာကျွမ်းကျင်ပညာရှင် ဒေါက်တာမာရီယာဂါဆီ ယာက ရှင်းပြခဲ့ပါတယ်။

ဖုန်မှုန့်နဲ့ ဗက်တီးရီးယားတွေက ဓာတ်မတည့်တဲ့တုံ့ပြန် မှုတွေကို မဖြစ်စေနိုင်ဘူး၊ ဒါပေမယ့် နှာခေါင်းကိုတော့အနှောင့် အယှက်ဖြစ်စေတယ်။ ဝတ်မှုန်နဲ့မှိုတွေရဲ့ မျိုးပွားစေတဲ့အမှုန်လို အရာတွေကတော့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေဖြစ်စေပြီး ဖြစ်လာရင်လည်း အချိန်ကြာမြင့်နိုင်တယ်လို့ ¤င်းကပြောပါ တယ်။

လာဂွန်းဆေးဝါးကုသမှုဌာနက ဒေါက်တာရစ်ချတ်လီဘိုဝစ် ကတော့ လေအေးပေးစက်မှာပါတဲ့ filters တွေကို မှန်မှန်လဲ ပေးဖို့က သိပ်အရေးကြီးတယ်လို့ အလေးအနက်ဖော်ပြထား ပါတယ်။filters ကို ဂရုတစိုက်မထိန်းသိမ်းဘူး၊ ပုံမှန်လဲလှယ် ပေးမှုမရှိဘူးဆိုရင် အမြဲလိုလို ဖုန်မှုန့်နဲ့အညစ်အကြေးတွေကိုရှူရှိုက်နေရပြီး ကျန်းမာရေးအတွက် အဆင်မပြေနိုင်ဘူးလို့ ဒေါက်တာလီဘိုဝစ်က သတိပေးထားပါတယ်။
ပြီးတော့ သန့်ရှင်းတဲ့filters တွေရှိတဲ့ လေအေးပေးစက်ဟာ လေထဲက ဓာတ်မတည့်စေတဲ့အရာတွေကို ဖယ်ရှားထားပြီး ဖြစ်တဲ့အတွက် နှာခေါင်းနဲ့သက်ဆိုင်တဲ့ ပြဿနာတွေကို လျှော့ ချပေးမှာသေချာတယ်လို့ ¤င်းက မှတ်ချက်ချခဲ့ပါတယ်။ သို့သော် လည်း အပူချိန်အပြောင်းအလဲနဲ့ စိုထိုင်းမှုကနေလာတဲ့ နှာရည် ယိုခြင်းကိုတော့ ရှောင်လွဲဖို့နည်းလမ်း သိပ်မရှိတဲ့အတွက် ဒီ အတိုင်းနေရင်နေ ဒါမှမဟုတ် လေအေးပေးစက်ကို ရှောင်ပြီး ချွေးသံရွှဲရွှဲနဲ့နေဖို့ပဲရှိတော့တယ်လို့ ¤င်းက အကြံပြုထားပါ တယ်။

(နယူးယောက်တိုင်းမ်)
ကလျာမိုးမြင့် ( MOI)

No comments:

Post a Comment