Latest News

Thursday, July 13, 2017

အသားလုံးနဲ့ရေအိတ်ကို ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ခိုင်နှင်းဝေ

အသားလုံးနဲ့ရေအိတ်ကို ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ခိုင်နှင်းဝေ

 သွေးလုံး သားလုံး (Myoma) ရောဂါကြောင့် ဇူလိုင် ၈ ရက်က ရွှေဂုံတိုင်အထူးကုဆေး ရုံရှိ Women Centre သို့တက် ရောက်ခဲ့ပြီး ဇူလိုင် ၉ ရက်နံနက်၌ ခွဲစိတ်မှုခံယူခဲ့ကြောင်း   သရုပ်ဆောင် ခိုင်နှင်းဝေကပြောသည်။

‘‘၂၀၁၆ ဆယ်လပိုင်းတုန်း က အစ်မနေသိပ်မကောင်းတဲ့အ တွက် Medical Check Up ကို SSC မှာလုပ်ခဲ့တယ်။ အဲဒီတုန်း က ဗိုက်ထဲမှာအလုံးတွေ့တယ်။ သေးသေးလေးပဲ 4 cm ပဲရှိ တယ်။ တချို့ဆိုသားအိမ်ထဲမှာ ဖြစ်ကြတယ်။ ရာသီလာရင်များ တာတို့၊ အရမ်းကိုက်တာတို့၊ သူ များတွေဆိုမလာတော့တာမျိုး ဖြစ်တယ်လေ။ အစ်မကဘာမှမ ဖြစ်ဘူး။ အားလုံးပုံမှန်ပဲဆိုတော့ ဒီအတိုင်းထားလိုက်တယ်။ နောက်တစ်ခါ စိတ်မသန့်တော့ ထပ်ရိုက်ကြည့်တယ်။ အဲဒီမှာ 7cm ဖြစ်သွားတယ်။ အစကရှေ့ လ ၂၀ ရက်နောက်ပိုင်းခွဲမလို့ လုပ်ခဲ့ပြီး ကားရိုက်တွေဝင်လို့ အ ခုမှပဲခွဲထုတ်ဖြစ်လိုက်တယ်။ အစ် မတစ်ခုကံကောင်းတာက သား အိမ်ထဲမှာမဟုတ်ဘူး။ သားအိမ် ထဲမှာဆို တချို့အရမ်းကြီးရင်သား အိမ်ပါထုတ်ပစ်လိုက်ရတာမျိုး ဖြစ်တတ်တယ်။ အထဲမှာခွဲထုတ် လိုက်တော့ အလုံးကြီးကပွားနေ တယ်။ အလုံကြီးတစ်လုံးက 7cm ကနေ 9.2 cm ဖြစ်နေတယ်။ အဲ ဒါအပြင် အလုံးသေးတစ်လုံးရယ် နောက်ရေအိတ်ပါ တည်နေ တယ်။ အဲဒါတွေအကုန်လုံးကို ခွဲ ထုတ်ပစ်လိုက်တယ်’’ ဟု ခိုင်နှင်း ဝေက  ခွဲစိတ်ကုသမှု ခံယူသည့် အကြောင်းကို ပြောကြားသည်။

      ရေအိတ်သည်မကြာခဏပြန် တည်တတ်သဖြင့် ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ရန်လို အပ်ကြောင်းနှင့် အနာကျက်၍ သက်သာပါက ဆေးရုံမှဆင်းမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

နေမကောင်းဖြစ်ခဲသည့် ခိုင် နှင်းဝေသည် လွန်ခဲ့သည့် ၁၅ နှစ် ခန့်က တိုက်ဖွိုက်ဖြစ်ပြီး အူအ တက်ရောင်ရာက အူအတက်တစ် ကြိမ် ခွဲစိတ်မှုခံယူဖူးပြီး ဆေးရုံ နှစ်လခန့် တက်ခဲ့ရကာ ယခုခွဲ စိတ်မှုသည်     ဒုတိယအကြိမ် မြောက် ခွဲစိတ်မှုဖြစ်ကြောင်း ထပ် ဆင့်ပြောသည်။
7Day News

No comments:

Post a Comment