Latest News

Thursday, July 13, 2017

အမဲသွေးများတွင် ဖော်မလင်ပါရှိကြောင်း အက်ဖ်ဒီအေ စစ်ဆေးတွေ့ရှိ

အမဲသွေးများတွင် ဖော်မလင်ပါရှိကြောင်း အက်ဖ်ဒီအေ စစ်ဆေးတွေ့ရှိ

ဇူလိုင် ၁၃ ရက် ပုသိမ်

ကြက်သွေး ဘဲသွေးလို့ လိမ်ညာရောင်းချနေတဲ့ အမဲသွေးတွေမှာ ဖော်မလင်ပါရှိနေတာကို စစ်ဆေး တွေ့ရှိရတယ်လို့ အက်ဖ်ဒီအေက ပြောပါတယ်။

အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) က ပုသိမ်မြို့ အောင်သီရိဈေးကို ဇူလိုင် ၁၃ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ စစ်ဆေးခဲ့ရာမှာ ကြက်သွေး၊ ဘဲသွေးလို့ လိမ်ညာရောင်းချနေတဲ့ အမဲသွေးနမူနာမှာ ဖော်မလင် ပါရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

ဧရာဝတီတိုင်းဒေသကြီး အက်ဖ်ဒီအေ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးထွန်းကျော်က “ဈေးထဲမှာ ရောင်းချနေတဲ့ ကြက်သွေး၊ ဘဲသွေး နမူနာကို စစ်ဆေးကြည့်တာမှာ ဖော်မလင်ပါကို တွေ့ရှိခဲ့တာပါ။ ရောင်းချတဲ့ဈေးသည်ကို မေးမြန်းရာမှာတော့ ဘဲသွေးမဟုတ်ဘဲ အမဲသွေးဖြစ်ပြီး အမဲသားရောင်းတဲ့ဆိုင်က ဝယ်ယူခဲ့တယ်လို့ ဖြေကြားတာကြောင့် ဆက်လုပ်စုံစမ်းရာမှာ အမဲလေလံရရှိသူထံက ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထုတ်လုပ်ဖြန့်ဖြူးတဲ့သူကို ဆင့်ခေါ်ထားတယ်” လို့ ပာပါတယ်။

အမဲသတ်လိုင်စင်ရထားသူတွေအနေနဲ့ တရက်ကို ကျွဲ ၃ ကောင်၊ နွား ၇ ကောင်သတ်ခွင့်ရှိတဲ့အတွက် အမဲသွေး တနေ့ကို အချိန် သုံးလေးဆယ်ထိ ထွက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အက်ဖ်ဒီအေ ကတော့ အစားအသောက်တွေမှာ တာရှည်ခံအောင် ဖော်မလင် အသုံးပြုတာကို လုံးဝလက်မခံဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာတော့ အက်ဖ်ဒီအေက ဈေးတွေကို ရှောင်တခင် ၀င်ရောက်စစ်ဆေးတဲ့ အခါမှာ ပဲပြား၊ ပဲသွေးတွေမှာ ဖော်မလင်ပါရှိတာတွေကို စစ်ဆေးတွေ့ရှိခဲ့ပြီး အခုအခါမှာတော့ အမဲသွေးမှာ ပါတွေ့ရှိခဲ့တာပါ။

အစားအသောက်တွေ ကြာရှည်ခံရမှာ အသုံးပြုတဲ့ ဖော်မလင်ဆိုတဲ့ ဓာတုဆေးဟာ စားသုံးတာတင်မဟုတ်ဘဲ ရေရှည်ထိတွေ့ကိုင်သွယ်တာ၊ အနံ့ရှူမိတာနဲ့တင် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တာကြောင့် အက်ဒီအေက အထူးတားမြစ်ထားတာပါ။
DVB

No comments:

Post a Comment