Latest News

Saturday, July 8, 2017

YBS ယာဉ်နှစ်စီး တိုက်မှုတွင် ကိုယ်တိုင်ကြုံတွေ့ရသူတို့၏ မိသားစုဝင်များ၏ ပြောစကားများ

YBS ယာဉ်နှစ်စီး တိုက်မှုတွင် ကိုယ်တိုင်ကြုံတွေ့ရသူတို့၏ မိသားစုဝင်များ၏ ပြောစကားများ

■ ကိုနိုင်လင်းအောင် (YBS ၃၇ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ)

“ကျွန်တော် ကားပေါ်မှာ ယာဉ်မောင်းနေရာရဲ့ လေးတန်းမြောက်ခုံမှာ ထိုင်အိပ်နေတာပါ။ ဘေးမှာ ကျွန်တော့်မိန်းမလည်း ပါတယ်။ ၀ုန်းခနဲ့ အသံကြားတော့ ကျွန်တော် မျက်စိဖွင့်ကြည့်တော့ ရှေ့မှာ မှန်တွေပဲ ရှိတယ်။ ကျွန်တော့်မိန်းမကိုကြည့်တော့ သူက ပြတင်းပေါက်ကနေ အပြင်ကို လိမ့်ကျသွားတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ထပြီးတော့ ကားပေါ်က ခုန်ဆင်းပြီး မိန်းမဆီ ဆင်းပြေးသွားတယ်။ ကျွန်တော့်မိန်းမက ဒဏ်ရာတွေနဲ့ တွေ့ရတာပါပဲ။ ကျွန်တော်က အိပ်နေတော့ ဘာတွေ ဘယ်လိုဖြစ်လဲ အများကြီး မသိပါဘူး။ ကျွန်တော့်မိန်းမခေါင်းမှာ ဦးခေါင်းခွံအက်သွားတယ်။ အခုတော့ သတိရတယ်။ ကျွန်တော်ကတော့ ခြေထောက်မှာ နည်းနည်း ဒဏ်ရာရတယ်”



■ အမှတ် ၅၅ YBS ယာဉ်လိုင်းပေါ်တွင် လိုက်ပါစီးနင်းပြီး ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး၏ ညီမ

“ဒဏ်ရာရသွားတဲ့အစ်မက မှော်ဘီက ကေတီဗီမှာမှာ အလုပ်လုပ်တာပါ။ နေတာက တောင်ဒဂုံမှာနေတာပါ။ သူက မှော်ဘီကနေ YBS ၅၅ စီးလာရင်း အခုလိုဖြစ်တာလို့ သူ့ဆိုင်ရှင်က ဖုန်းဆက်ပြောလို့ သိရတာပါ။ အခု သူက ခေါင်းမှာ ထိခိုက်ဒဏ်ရာ ရသွားတယ်။ အခုတော့ သူက ဘာမှမမှတ်မိဘူး။ အခုဆို သူက သူ့အိမ်လိပ်စာတောင် မမှတ်မိတော့ဘူး။ တစ်ချက်တစ်ချက် ဖုန်းလည်းမရှိဘဲ ဖုန်းတွေ ထထပြောနေတယ်။ သတိမေ့သလိုပုံစံ ဖြစ်နေတယ်။ မိသားစုမှာက စုစုပေါင်း ငါးယောက်ရှိတယ်။ သူက အလုပ်လုပ်ပြီး မိသားစုကို ရှာကျွေးနေတာပါ။ အခုလောလောဆယ်တော့ ဆေးရုံစရိတ်တွေဘာတွေရယ် ကုန်ကျနေတာ ရှိပါတယ်။ မနေ့ကတော့ YBS ယာဉ်လိုင်းနှစ်ဖက်က ပိုက်ဆံ ၁၅၀၀၀ စီထည့်ထားတဲ့ စာအိတ်နှစ်အိတ်ရတယ်။ ဒီနေ့ နေ့လည်မှာတော့ ကျန်းမာရေးအဖွဲ့ဆိုလား၊ ဘာအဖွဲ့လားမသိဘူး ပိုက်ဆံ ၁၀၀၀၀ စီပါတဲ့ စာအိတ်နှစ်အိတ် ပေးသွားပါတယ်။ ဖြစ်သွားတဲ့ သမီးအစ်မက သုံးနှစ်အရွယ် ကလေးရှိတယ်။ သူ့ခင်ပွန်းက နယ်မှာ အလုပ်လုပ်တာဆိုတော့ အခု မလာနိုင်သေးဘူး”


■ မကေဂျာ (YBS အမှတ် ၃၇ ယာဉ်မောင်း၏ ဇနီး)

“ကားတိုက်ခံတယ်ဆိုတာ ခုထိ သူ့ကိုယ်သူ မသိသေးဘူး။ သူက ဘယ်ဘက်နားထင်မှာ ဒဏ်ရာရသွားပြီး ခေါင်းတွေမူးတယ်လို့တော့ ပြောတယ်။ စကားကိုလည်း တစ်လုံးချင်းပဲ ပြောနိုင်သေးပါတယ်။ ဘယ်ရောက်နေလဲမေးတော့ ကျွန်မက ဆေးရုံကို နေမကောင်းလို့ ရောက်နေတယ် လိမ်ပြောထားလိုက်တယ်။ သူက အသက် ၁၈ နှစ် ကတည်းက ကားမောင်းလာတာပါ။ အခုဆို ၄၈ နှစ်ရှိပြီ ကားမောင်းရင်လည်း အရမ်းကို သတိထားမောင်းတတ်တာ။ အရင်က ပါရမီမှာ မောင်းတယ်။ ပြီးတော့ BRT မှာ မောင်းတယ်။ အခု YBS မှာ မောင်းတာပါ။ ယာဉ်မောင်းဆုတွေတောင် ရဖူးပါတယ်။ ယာဉ်လိုင်းက လူတွေကတော့ လာကြည့်ကြတယ်။ ထောက်ပံ့ပေးကြတယ်။ ခုချိန်အထိတော့ ကျွန်မ ဘာတစ်ခုမှ မကုန်ကျသေးပါဘူး။ နေ့လယ်ကတော့ အစိုးရအဖွဲ့က လူတွေက လာပြီး ကြည့်ရှုသွားပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment