ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသည့် ကာလ အတွင်းတွင် ဒီမိုကရေစီ လိုလားသူအားလုံးအကြားဝယ် တူညီသည့်ဆောင်ရွက်မှု တူညီသည့် ခြေလှမ်းများရှိရန် လိုအပ်ကြောင်း ဦးဖြိုးမင်းသိန်း ကပြောကြား
(ရန်ကုန်၊ ဇူလိုင် ၉)
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသည့် ကာလ အတွင်းတွင် ဒီမိုကရေစီ လိုလားသူ အားလုံး အကြားဝယ် တူညီသည့် ဆောင်ရွက်မှု တူညီသည့် ခြေလှမ်းများရှိရန် လိုအပ်ကြောင်း ဦးဖြိုးမင်းသိန်း ကပြောကြားလိုက်သည်။
“အခု ဒီမိုကရေစီ ရနေပြီလို့ ထင်နေနိုင်ပါတယ်။ ဒီမိုကရေစီ ရဖို့ကို ကြိုးပမ်းနေရတဲ့ ကာလမှာပဲ ရှိပါသေးတယ်။ အရပ်သား အုပ်ချုပ်ရေး စနစ်တက်လာပေမယ့် အရပ်ဖက် စစ်ဖက် ဆက်ဆံရေး ဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ အရပ်သား အုပ်ချုပ်ရေး စနစ်ရဲ့အောက်မှာပဲ စစ်ဖက် ဆိုတာရှိရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ Protocol အရဆိုရင် ညွှန်ကြားရေးမှူး ချုပ် Levelပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Relation ဆက်ဆံနေရတဲ့ ဥစ္စာက နိုင်ငံ့ အကြီးအကဲ Level တစ်ခု ခပ်ဆန်ဆန် ဆိုရင် ဒါဒီမိုကရေစီ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေတဲ့ ကာလတစ် ခုအတွင်းမှာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ လိုလားသူတွေ အားလုံးကြားမှာ တူညီတဲ့ ဆောင်ရွက်မှုတွေ တူညီ တဲ့ခြေလှမ်းတွေ ရှိဖို့ လိုအပ်မယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သည့် Civil Society and Media Project Former Politicl Prisoners Fellowship 2017 Introduction and Orientation Workshop တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
Popular News
Monday, July 10, 2017
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသည့် ကာလ အတွင်းတွင် ဒီမိုကရေစီ လိုလားသူအားလုံးအကြားဝယ် တူညီသည့်ဆောင်ရွက်မှု တူညီသည့် ခြေလှမ်းများရှိရန် လိုအပ်ကြောင်း ဦးဖြိုးမင်းသိန်း ကပြောကြား
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသည့် ကာလ အတွင်းတွင် ဒီမိုကရေစီ လိုလားသူအားလုံးအကြားဝယ် တူညီသည့်ဆောင်ရွက်မှု တူညီသည့် ခြေလှမ်းများရှိရန် လိုအပ်ကြောင်း ဦးဖြိုးမင်းသိန်း ကပြောကြား
Reviewed by Ar Ti
on
1:59 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment