Latest News

Saturday, July 1, 2017

အာဆီယံ+၃ အရေးပေါ် ဆန်အရန်ရိက္ခာ ကိုရီးယားသမ္မတနိုင်ငံမှ ထောက်ပံ့လှူဒါန်းသော ဆန်တန်ချိန် ၅ဝဝ ရောက်ရှိ

အာဆီယံ+၃ အရေးပေါ် ဆန်အရန်ရိက္ခာ ကိုရီးယားသမ္မတနိုင်ငံမှ ထောက်ပံ့လှူဒါန်းသော ဆန်တန်ချိန် ၅ဝဝ ရောက်ရှိ

နေပြည်တော် ဇွန် ၃ဝ

မြန်မာနိုင်ငံအတွင်း သဘာဝဘေး အ္တရာယ်ကျရောက်သည့် ဒေသများ အတွက် ထောက်ပံ့ပေးအပ်ရန် ကိုရီးယား သမ္မတနိုင်ငံမှ ထောက်ပံ့လှူဒါန်းသည့် ဆန်တန်ချိန်  ၅ဝဝ ကို ပင်လယ်ရေ ကြောင်းမှ ရန်ကုန်ဆိပ်ကမ်းသို့  ဇွန်လ ဒုတိယပတ်က  ရောက်ရှိခဲ့ကြောင်း သိရ သည်။
မြန်မာနိုင်ငံသည် နှစ်စဉ် သဘာဝ ဘေးအ္တရာယ်ကြောင့် ရေကြီးခြင်း မြေပြိုခြင်း၊ မိုးခေါင် ခြင်း၊ ငလျင်လှုပ်ခြင်း အစရှိသော   ဘေးအ္တရာယ်များနှင့် တွေ့ကြုံရင်ဆိုင်နေရသော  နိုင်ငံတစ်ခု ဖြစ်သည်။ အာဆီယံ+၃ အရေးပေါ် ဆန်အရန် ရိက္ခာအဖွဲ့ထံ မိမိနိုင်ငံက အရေးပေါ်ထောက်ပံ့မည့်ဆန်များ ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက် ထားခဲ့ရာ  ကိုရီးယားသမ္မတနိုင်ငံမှ ထောက်ပံ့လှူဒါန်းသည့်  ဆန်တန်ချိန် ၅ဝဝ ကို  ရန်ကုန်ဆိပ်ကမ်းသို့  ရောက်ရှိ လာခဲ့သဖြင့်     စိုက်ပျိုးရေးဦးစီးဌာန  ရန်ကုန်တောင်ပိုင်းခရိုင်    သန်လျင်  သိုလှောင်ရုံ၌   စနစ်တကျ  သိုလှောင် ထားရှိမှုကို ဇွန် ၂၄ ရက်က စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယòန်ကြားရေးမှူးချုပ် ဦးအေးကိုကိုနှင့်    တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရ သည်။
''မြန်မာနိုင်ငံက အာဆီယံဒေသ တွင်း   နိုင်ငံတစ်ခုဖြစ်တဲ့အတွက် အာဆီယံ+၃ အရေးပေါ်ဆန်အရန်ရိက္ခာ အဖွဲ့ကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သဘာဝဘေးဖြစ်ပေါ်တဲ့  ဒေသတွေ အတွက် ဆန်ထောက်ပံ့ပေးနိုင်ဖို့ကို လျှောက်ထားခဲ့ပါတယ်။ အဲဒီမှာ အဖွဲ့ဝင် တွေရဲ့ထောက်ခံချက်အရ မြန်မာနိုင်ငံ အတွက် ဆန်ထောက်ပံ့ပေးမှု တန်ချိန် ၅ဝဝ ကိုရရှိခဲ့ပါတယ်။ အဖွဲ့ရဲ့ စည်းကမ်း သတ်မှတ်ချက်အရ သဘာဝဘေးဖြစ်ပေါ် တဲ့ဒေသတစ်ခုကို ထောက်ပံ့မယ်ဆိုရင် ဆန်တန်ချိန် ၅ဝ အထက်ထောက်ပံ့ရမယ် ဆိုရင် အာဆီယံ+၃ အဖွဲ့ဝင်တွေရဲ့ ထောက်ခံချက်ကိုရယူရပါတယ်။ တကယ် လို့ တန်ချိန် ၅ဝ အောက်ဆိုရင်တော့ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်တာနဲ့အညီ ဗန်ကောက်မှာဖွင့်ထားတဲ့ရုံးက  ထောက် ခံပေးတာနဲ့တင် ထောက်ပံ့လို့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ခုရောက်ရှိလာတဲ့ ဆန်တန်ချိန်  ၅ဝဝ  ကို နောက်ထပ် သဘာဝဘေးတစ်ခုခုနဲ့ ဖြစ်ပေါ်တဲ့ဒေသ တွေရှိခဲ့ရင် အဲဒီအတွက် ထောက်ပံ့ပေးဖို့ သိုလှောင်ထားတာပါ။ တကယ်လို့မှ တစ်နှစ်အတွင်းမှာ   အဲဒီဆန်တွေ ထောက်ပံ့ပေးလို့ ပိုနေသေးတယ်ဆိုရင် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုလို့ရပါတယ်'' ဟု စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအေးကိုကိုကပြောသည်။
အာဆီယံ+၃ အရေးပေါ် ဆန်အရန် ရိက္ခာအဖွဲ့အနေဖြင့် ဒေသတွင်းနိုင်ငံများ၌ လူမှုရေး   စာနာထောက်မှုအနေဖြင့် ထောက်ပံ့ပေးမှုများ  ပြုလုပ်လျက်ရှိ   သည်။
ထိုသို့ပြုလုပ်ရာတွင် အခြားနိုင်ငံများ သို့လည်း ထောက်ပံ့ပေးအပ်မှုများရှိရာ ပွင့်လင်းမြင်သာလာသည့် အခြေအနေ အရ  မြန်မာနိုင်ငံအတွက် သဘာဝဘေး စာနာထောက်ထားမှုအရ ဦးစားပေး အဆင့်အနေဖြင့် ဆန်တန်ချိန် ၅ဝဝ ကို အများဆုံးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။      
ဇူလိုင်မိုး(မြန်မာ့အလင်း)

No comments:

Post a Comment