Latest News

Saturday, July 1, 2017

ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် ယှဉ်ပြိုင်တေးစကား လေဒီစတားဖျော်ဖြေပွဲကျင်းပ

ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် ယှဉ်ပြိုင်တေးစကား လေဒီစတားဖျော်ဖြေပွဲကျင်း


ရန်ကုန်  ဇွန်    ၃ဝ

သမိုင်းအစဉ်အဆက်  ယဉ်ကျေးမှုမပျက် မြတ်နိုးဆင်ယင် ခေတ်အသွင် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် ယှဉ်ပြိုင်တေးစကား လေဒီစတား နိုင်ငံကျော်အနုပညာရှင်များ ဖျော်ဖြေပွဲကြီးကို ဇွန် ၃ဝ ရက် ညကနောက်ဆုံးနေ့အဖြစ် ရန်ကုန်မြို့  မြို့မကျောင်း လမ်းရှိ အမျိုးသားကဇာတ်ရုံ၌ တင်ဆက်ဖျော်ဖြေခဲ့ရာရိုးရာ ယဉ်ကျေးမှုကို  မြတ်နိုးကြသော ပြည်သူများလာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ဖျော်ဖြေပွဲကြီးသည် မြန်မာနိုင်ငံ  အမျိုးသမီး ရေးရာအဖွဲ့ချုပ်က (၁၄)ကြိမ်မြောက်စီစဉ်တင်ဆက်သော ဖျော်ဖြေပွဲ ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်ကတော့ ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှုကို အဓိကပြသတဲ့ပွဲဖြစ်ပါတယ်။ ပျူခေတ်ကနေ ရတနာပုံခေတ်၊ ကိုလိုနီခေတ်ကို   နှစ်ပိုင်းခွဲပြီး စစ်ပြီးနဲ့ စစ်ပြိုင်ခေတ်တို့ကို  ပြသထားတယ်။ ဆင်ယင်ထုံးဖွဲ့မှုရဲ့ နောက်မှာ လက်ဝတ်တန်ဆာ လည်းပါပါတယ်။ လူတိုင်းဝတ်ဆင်နိုင်အောင် ဖန်စီကျောက်လေး တွေနဲ့ အင်္ကျီကို တန်ဆာဆင်ယင်တာမျိုးတွေ ပါဝင်ပြသထား ပါတယ်။ ခေတ်အကြိုက် သွင်ပြင်ရတနာအဆင်ကဏ္ဍကိုလည်း ထည့်သွင်းထားပါတယ်''ဟု မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦးက ပြောသည်။
ယင်းဖျော်ဖြေပွဲတွင် မြန်မာအမျိုးသမီးလေးများ၏ ပျူ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်၊ အမရပူရ၊ ရတနာပုံခေတ်နှင့် ကိုလို နီခေတ် စစ်ကြို၊ စစ်ပြီး ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှု များ၊ ရုပ်ရှင်ဂီတနှစ်ဖက်လှ၊ ရုပ်ရှင်အောင်မြင်သီချင်းအသွင် များကို နုနယ်လှပသော မြန်မာအမျိုးသမီးလေးများက ဝတ်ဆင် ပြသွားသည့်အပြင် ခေတ်အလိုက် ကျော်ကြားသော  တေး သီချင်းများကို နာမည်ကျော်တေးသံရှင်များက သီဆိုဖျော်ဖြေ ခဲ့ကြပြီး မြန်မာတို့အကြိုက်  ယှဉ်ပြိုင်တေးစကား လေဒီစတား တစ်ခန်းရပ်တွင် နာမည်ကျော်အနုပညာရှင်များက ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
''ကျွန်မက စစ်ကြိုခေတ်ရယ်၊ ပွဲတက်ဝတ်စုံရယ် ပြသခဲ့ ပါတယ်။ နှစ်တိုင်းနီးပါး ပါဝင်ခဲ့ပါတယ်။ ဒီလိုပွဲတွေလုပ်တာ ကောင်းပါတယ်။ အရင်တုန်းက မြန်မာဝတ်စုံဆိုတာ ပွဲရှိမှ ဝတ်ကြတယ်။ အခုဆိုရင် ရိုးရိုးထသွားထလာဝတ်လာကြတာ တွေ့ရပါတယ်''ဟု သရုပ်ဆောင် ချစ်စနိုးဦးက ပြောသည်။
သတင်း-အေကေလင်း၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment