Latest News

Wednesday, July 12, 2017

ထိုင်ဝမ်၏ ကာကွယ်ရေးဇုန် ရေပြင်ကို တရုတ် လေယာဉ်တင်သင်္ဘော ဖြတ်သန်းခုတ်မောင်း

ထိုင်ဝမ်၏ ကာကွယ်ရေးဇုန် ရေပြင်ကို တရုတ် လေယာဉ်တင်သင်္ဘော ဖြတ်သန်းခုတ်မောင်း

တရုတ် လေယာဉ်တင် သင်္ဘောသည် ၎င်းတို့၏ ကာကွယ်ရေးဇုန် သတ်မှတ်ရေပြင်ကို ဖြတ်သန်း ခုတ်မောင်းခဲ့ကြောင်း ထိုင်ဝမ်က စွပ်စွဲပြောကြားခဲ့သည်။

တရုတ်ရေတပ်၏ ပထမဆုံး လေယာဉ်တင်သင်္ဘော ဖြစ်လာသည့် Liaoningသည် ဟောင်ကောင်၏ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ရန် သွားရောက် လည်ပတ်ပြီးနောက် တရုတ်သို့ အပြန်တွင် ထိုင်ဝမ်၏ လေကြောင်းရန် ကာကွယ်ရေး သတ်မှတ် ရေပြင်ဇုန်နေရာကို ဖြတ်ကျော် ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ် လေယာဉ်တင်သင်္ဘော ဖြတ်သန်းခုတ်မောင်းသည့် သတင်းကို အတည်ပြု ကြေညာသော်လည်း ယင်းအတွက် ကာကွယ်ရေး စနစ်များကို တပ်လှန့်ခဲ့ခြင်း မရှိဟု ပြောကြားခဲ့သည်။

Liaoningသည် ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက ဟောင်ကောင် ဆိပ်ကမ်းမှခွာကာ ထိုင်ဝမ် ကာကွယ်ရေးဇုန်နေရာကို ဖြတ်သန်းပြီး မြောက်ဘက်သို့ ဆက်လက်ဦးတည် ခုတ်မောင်းခဲ့ခြင်းဟု သိရသည်။

တရုတ် လေယာဉ်တင် သင်္ဘော၏ ခရီးစဉ်ကို အနီးကပ် စောင့်ကြည့်ခဲ့သည့်နောက် မူမမှန်မှု လုံးဝ မရှိသည့်အတွက် အများပြည်သူကို ချက်ချင်း သတိပေးချက် ထုတ်ပြန်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ တရုတ်သည် ထိုင်ဝမ်ကို ၎င်းတို့၏ ပိုင်နက်အဖြစ် သတ်မှတ်ထားသော်လည်း အစိုးရ နှစ်ရပ်ကြား အမြင်ကွဲပြားမှုများ ရှိနေသည်။

Liaoningသည် ဆိုဗီယက် ပြည်ထောင်စုခေတ်သုံး သင်္ဘောကိုယ်ထည် အဟောင်းကြီးကို ယူကရိန်းထံမှ ဝယ်ယူကာ တရုတ်တွင် ပြန်လည် မွမ်းမံ တည်ဆောက်ထားခြင်း ဖြစ်သည်။ ယခုလ အစောပိုင်းက ဟောင်ကောင် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ Liaoning သွားရောက်ချိန်တွင် ထိုင်ဝမ်က ဂျက်တိုက်လေယာဉ်များ စေလွှတ်ကာ သင်္ဘောကြီး၏ ခရီးစဉ်ကို သံသယဖြင့် စောင့်ကြည့်ခဲ့ဖူးသည်။
7Day News

No comments:

Post a Comment