Latest News

Wednesday, July 19, 2017

ဗိုလ်ချုပ်ကို ကံထပ်မဆိုးစေဖို့

ဗိုလ်ချုပ်ကို ကံထပ်မဆိုးစေဖို့

ကံဆိုးလွန်း၍သာ ဗိုလ် ချုပ်အောင်ဆန်းလုပ်ကြံခံရကြောင်း တက္ကသိုလ် နေဝင်းရေးသားသည့် ‘ကျွန် တော်မမေ့နိုင်သော ဆယ့်ကိုး ဇူလိုင်’ဆောင်းပါးတွင် တွေ့မြင်ရပေမည်။

‘‘ပထမအချက်အနေဖြင့် အ ကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်း က သူ၏ ရုံးခန်းရှေ့မှ လက်နက် ကိုင်လုံခြုံရေးတပ်စိတ်ကို ရုပ် သိမ်းရန် အမိန့်မပေးခဲ့လျှင်။

ဇူလိုင် ၁၉ ရက် လူသတ် သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ် ကြံရန် လာသောအခါ လုံခြုံရေး တပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိ မည်။ လုပ်ကြံမှုကြီးတော့ မဖြစ် နိုင်။

တိုက်ပွဲဖြစ်လျှင် လုံခြုံရေး တပ်စိတ်က လူအင်အား၊ လက် နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့ကို တစ်ယောက် မကျန် သုတ်သင်ချေမှုန်းပစ်နိုင် မည်မှာ သေချာသည်။

အကယ်၍သာ တိုင်းပြုပြည် ပြု လွှတ်တော်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကော်မတီက ဇူလိုင် ၁၆ ရက်တွင် အစည်းအ ဝေးကျင်းပရန် ချိန်းမထားခဲ့လျှင် ဝန်ကြီးအဖွဲ့ (ကက်ဘိနက်)အ စည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆)တွင် ကျင်းပဖြစ်မည်။ ဗုဒ္ဓဟူး နေ့တိုင်း ကျင်းပသော ဝန်ကြီးအ ဖွဲ့ အစည်းအဝေးအကြောင်းမသိ သူ ဂဠုန်ဦးစောသည် သူ၏ လူ သတ်သမားအဖွဲ့ကို ဇူလိုင် ၁၉ ရက် စနေနေ့တွင် လွှတ်မည် ဖြစ် သည်။

  သို့ဖြစ်လျှင် ဝန်ကြီးအဖွဲ့ အစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီး ဖြစ်ပွားမည်မဟုတ်ချေ။

အကယ်၍သာ လူသတ် သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်များရုံးတွင် မလုပ်ကြံဘဲ ဗိုလ်ချုပ်၏ နေအိမ် (ဗဟန်းတာဝါ လိန်း ယခု ဗိုလ်ချုပ်ပြတိုက်တည် ရှိရာ)တွင် လာရောက်လုပ်ကြံပါ က သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ် အပေါ်ထပ်သို့ပင် တက်နိုင်မည် မဟုတ်။ ဗိုလ်ချုပ်၏အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်နက် တပ်ဆင်ပေးထားသော အိမ်ရှိ ရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ် မည်။

  ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည်သူ့ရဲဘော်များသည် ဘီဒီအေတပ်မတော်နှင့် ဖက်ဆစ် တော်လှန်ရေးတပ်သား ရဲဘော် များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်အပြင် တိုက်ပွဲအ တွေ့အကြုံလည်းရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူ ပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင် မည်ဖြစ်သည်။

သို့ရာတွင် လူသတ်အဖွဲ့ သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင်အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ် ကြံခဲ့သည်။

ထို့ကြောင့်လည်း လုပ်ကြံမှု ကြီးဖြစ်မြောက်ခဲ့ရသည်။’’

အထက်ပါအချက်များက တက္ကသိုလ်နေဝင်းရေးသားသည့်  ‘ကျွန်တော်မမေ့နိုင်သော ဆယ့် ကိုးဇူလိုင်’ဆောင်းပါးတွင် တွေ့ မြင်ရသည့် ဗိုလ်ချုပ်ကံဆိုးခဲ့ပုံဖြစ် သည်။

ကွယ်လွန်ပြီးနောက်လည်း အမျိုးသားဖခင်ကြီးဟု အမြဲတင် စားခံရသည့် ဗိုလ်ချုပ်သည် သမိုင်းတစ်ကွေ့တွင် ထပ်ကံဆိုးပြန် သည်။ ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ဂုဏ်ပြုရိုက်နှိပ်ထားသော ငွေ စက္ကူများသည် ဖျောက်ဖျက်ခြင်းခံ ခဲ့ရပြန်သည်။

 သက်ရှိ ထင်ရှားရှိစဉ်က လွတ်လပ်ရေးအတွက် မနေမနား ကြိုးစားခဲ့သော ဗိုလ်ချုပ်သည် ကွယ်လွန်ပြီးနောက်လည်း မအေးချမ်းရရှာပါ။ သူနှင့် သူ၏ ရဲဘော် ရဲဘက်များအတွက် ဂုဏ်ပြုထား သည့် အာဇာနည်ဗိမာန်သည် ၁၉၈၃ တွင် မြောက်ကိုရီးယားအ ကြမ်းဖက်သမားများ၏ ဗုံးဖောက် ခွဲမှုကို ခံခဲ့ရပြန်သည်။

ထို့အပြင် ၁၉၈၉ တွင် နဝတအစိုးရက ထုတ်ပြန်ခဲ့သော ကြေ ညာချက် (၂/၈၉)အရ အာဇာ နည်ဗိမာန်ကို လူငါးဦးထက်ပိုပြီး လာရောက်ဂါရဝပြုလျှင် အရေး ယူခံရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက်တွင်တော့ ဗိုလ် ချုပ်အောင်ဆန်း၏ နာမည်၊ ရုပ်ပုံ၊စာတို့ကို မှေးမှိန်ဖျောက်ဖျက်ရုံမျှ မက သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ပါ နေအိမ်အကျယ်ချုပ် ချထားခံရသည့် ဗိုလ်ချုပ်အောင် ဆန်း အမှောင်ခေတ် တစ်ခုကို ဖြတ်သန်းခဲ့ရသည်။ ပြည်သူများ ဗိုလ်ချုပ်ကို တိတ်တဆိတ်ပင်ချစ် ခဲ့ရသည့် အသံတိတ်ခေတ်တစ် ခေတ်ပင်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူပေးဆပ်ခဲ့သည်များနှင့် မထိုက် တန်သည့် တုံ့ပြန်မှုအချို့ကို သက် ရှိထင်ရှားရှိစဉ် အချိန်မှာရော ကွယ်လွန်ပြီးချိန်မှာပါ ရရှိခဲ့ရသည်။ ဗိုလ်ချုပ်ကံဆိုးပေစွ။

၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရတက်လာပြီး နောက် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ် ချုပ်အောင်ဆန်း ဓာတ်ပုံရှေ့တွင် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ မျှော်လင့်ချက်များ ပြန်ရှင်သန်လာသည့်အချိန်ဟု တင်စားခဲ့ကြသည်။

ထို့နောက် ဗိုလ်ချုပ်အောင် ဆန်း၏ အလင်းခေတ်ပြန်ရောက် လာသည်။ ဗိုလ်ချုပ်အောင်ဆန်း ၏ ဓာတ်ပုံများ၊ အတ္ထုပ္ပတ္တိ၊ ဟော ပြောချက်များ၊ ဆောင်းပါးများ၊ ဗီဒီယိုဖိုင်များ ပြည်သူလူထု အ တွင်း  ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဝင်ရောက်လာသည်။

တပ်မတော် အစည်းအဝေး ခန်းမအချို့တွင် တပ်မတော်ဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ကို ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်တို့၏ ဓာတ်ပုံ များထိပ်တွင် ဖော်ပြခံလာရ သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁၀၀)ပြည့် မွေးနေ့ကို တစ်နိုင်ငံ လုံး ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် သမီး ဖြစ်သူ၏ ပါတီအနိုင်ရကာ အစိုး ရဖွဲ့နိုင်ခဲ့သည်။ ဗိုလ်ချုပ်ကံပြန် ကောင်းလာပြီဟု အားလုံးယုံ ကြည်ခဲ့ကြသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တစ်ဘဝလုံးမြှုပ်နှံ ခဲ့ပြီး အသက်ပါစွန့်ခဲ့ရသည့် အမျိုးသားခေါင်းဆောင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းသည် ချစ်ခင် လေးစားမှုနှင့်သာ ထိုက်တန်ပါ သည်။ နိုင်ငံသားတစ်ဦးတစ် ယောက်ကမှ မုန်းတီးခြင်း၊ မနှစ် သက်ခြင်းတို့နှင့် မထိုက်တန်ပါ။

သို့သော် မူးယစ်ဆေးသုံးစွဲ သူတစ်ဦးက ဗိုလ်ချုပ်ရုပ်တုကို ဖျက်ဆီးမှု ၂၀၁၅ ဇူလိုင် ၂၀ ရက်တွင်ပင် ကြံခင်းမြို့၌ ပေါ်ပေါက်ခဲ့ သည်။ ထိုသူက ဗိုလ်ချုပ်ရုပ်တု ဦးခေါင်းပိုင်းတွင် တက်ထိုင်ပြီး နောက် အရုပ်ကိုပါ ချိုးဖဲ့ဖျက်ဆီး ပစ်ခဲ့သည်။

ဗိုလ်ချုပ်တို့ကျဆုံးပြီး နှစ် (၇၀) ပြည့်မြောက်သည့် ၂၀၁၇ တွင်တော့ ဗိုလ်ချုပ်ကို အလယ် မှာထား အငြင်းပွားရသည့်ကိစ္စ များ ပေါ်လာပြန်သည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ကို မြစ်ကြီးနားမြို့တွင် စိုက်ထူရေးဆိုင်းငံ့ထားရန် ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်းဆောင် ရွက်ရေးကော်မတီ (KPCC) က ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်၌ တင်ပြတောင်းဆိုခဲ့သည်။

ကချင်ပြည်နယ်တွင် တိုက် ပွဲများ ဖြစ်ပွားနေခြင်းကြောင့် စစ် ဘေးဒုက္ခရောက်နေချိန်၌ ဗိုလ် ချုပ်အောင်ဆန်းကြေးရုပ်ကို စိုက်ထူရေးထက် ဗိုလ်ချုပ်၏ ပင်လုံကတိကဝတ်ကို ဦးစားပေးအ ကောင်အထည်ဖော်ဆောင်ရွက် ရန် လိုလားကြောင်း KPCC က တင်ပြခဲ့သည်။

အထင်ရှားဆုံးက မွန်ပြည် နယ် ချောင်းဆုံမှ တံတားကိစ္စဖြစ် သည်။ တံတားကို ‘ဗိုလ်ချုပ် အောင်ဆန်း’အမည်ပေးရေး ကန့် ကွက်မှုများ ပေါ်ပေါက်ခဲ့သည်။ အငြင်းပွားမှုမြင့်တက်ခဲ့သည့် တံ တားအမည်ပေးရေးသည် လွှတ် တော်ထိရောက်သွား၍ ဝေဖန်ခံခဲ့ ရသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်သိက္ခာနှင့်ပတ်သက်၍ ဝေဖန် အငြင်းပွားခြင်းမဟုတ်သော ဝေဖန်အငြင်းပွားမှုကြားတွင် ဗိုလ်ချုပ်၏ နာမည်ကန့်လန့်ကန့်လန့် ပါခဲ့ရခြင်းဖြစ်သည်။အခြားကိစ္စတစ်ခုသည် ငို အားထက် ရယ်အားသန်သည့် ကိစ္စဖြစ်သည်။ ဗိုလ်ချုပ်ရုပ်တု တည်ဆောက်ရေး ညှိနှိုင်းမရ သဖြင့် ပန်းခြံတစ်ခုတည်း၌ ဗိုလ်ချုပ်ရုပ်တုနှစ်ခု ဖြစ်နေသည့်ကိစ္စဖြစ်သည်။ တောင်ဥက္ကလာပမြို့ နယ် သုမင်္ဂလာပန်းခြံအတွင်း ထားရှိမည့် ဗိုလ်ချုပ်ရုပ်တုနှစ်ခုဖြစ်နေ ခြင်းက မညီညွတ်သည့်သဘော ကို ဆောင်ခဲ့သည်။

ညီညွတ်ရေးတရားများကို တွင်တွင်ဟောပြီး လွတ်လပ်ရေး ယူပေးခဲ့သည့် ဗိုလ်ချုပ်အောင် ဆန်းသာ သက်ရှိထင်ရှားရှိနေပါ သေးလျှင် သူ့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော မညီညွတ်မှုများ ကိုမြင်လျှင် ဘာပြောမည်ဟု သင် ထင်ပါသနည်း။

၁၉၄၆ ဇန်နဝါရီ ၂၃ ရက်က ဖဆပလ ပြည်လုံးကျွတ်ညီလာခံ သဘင်သို့ ဗိုလ်ချုပ်အောင်ဆန်း က ညီညွတ်ရေးအဆိုကို တင် သွင်းခဲ့ပါသည်။ အဆိုတင်သွင်း စဉ် ဗိုလ်ချုပ်အောင်ဆန်းက ညီ ညွတ်ခြင်းအဆိုတင်သွင်းရခြင်း အကြောင်းကို အောက်ပါအတိုင်း ပြောကြားခဲ့သည်။

‘‘ညီညွတ်ရေးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့လူတွေ၊ ကျွန်တော်တို့ကိုယ်တိုင်က ညီ ညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ဆောင်ရွက်ခြင်းမရှိ ရင် တိုင်းပြည်အတွက် လူမျိုးအ တွက် အင်မတန်အသက်စွန့်ပြီး လုပ်ကိုင်ဆောင်ရွက်သွားကြသူ တွေကို သစ္စာဖောက်ရာ၊ မလေးစားရာကျမှာမို့လို့ ဒီညီညွတ်ခြင်းအဆိုကို တင်သွင်းရခြင်းဖြစ်ပါ တယ်’’ ဟု ဗိုလ်ချုပ်က ပြောကြားခဲ့သည်။

ညီညွတ်ခြင်း၏ သဘောကို ဗိုလ်ချုပ်အောင်ဆန်းက ‘‘ပါးစပ် က ညီညွတ်ချင်ပါတယ်ပြောလို့ မဖြစ်ဘူး။ အလုပ်မှာလည်း တူရ မယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ခေါ် ထိုက်တယ်’’ဟု ပြောကြားခဲ့ သည်။

ဗိုလ်ချုပ်ကို ကံထပ်မဆိုးစေ ဖို့ အချင်းချင်းညီညွတ်ကြပါဟု သာ... ။   ။
7Day News

No comments:

Post a Comment