Latest News

Wednesday, July 19, 2017

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို ယခင်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ဖြင့် လက်ခံမည်

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို ယခင်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ဖြင့် လက်ခံမည်

ရန်ကုန်တက္ကသိုလ်ဝင် ခွင့်ကို ဝင်ခွင့်စာမေးပွဲစစ်ဆေး လက်ခံမည်ဟု လူမှုကွန်ရက်စာ မျက်နှာတွင် ပျံ့နှံ့နေခြင်းသည် ကောလာဟလသာဖြစ်ပြီး ယခင်

နှစ်များအတိုင်း တက္ကသိုလ်ဝင် စာမေးပွဲရမှတ်ဖြင့် ဝင်ခွင့်လက်ခံ မည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။

‘‘အရင်နှစ်တွေလိုပဲ တက္က သိုလ်ဝင်စာမေးပွဲရမှတ်နဲ့ လက်ခံ မှာပါ။ အပြောင်းအလဲမရှိပါဘူး။ ဝင်ခွင့်စာမေးပွဲ ထပ်ဖြေရမယ်ဆို တာ မဟုတ်ပါဘူး’’ဟု ဒေါက်တာ အောင်အောင်မင်းက ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် ဒီဇင်ဘာ၌ ဖွင့်လှစ်မည့် ဘွဲ့ကြို ပထမနှစ်သင်တန်းများတွင် တစ် ဘာသာလျှင် ၁၀၀ ဦးဖြင့် ဘာ သာရပ် ၂၂ ခုအတွက် ကျောင်း သား၊ ကျောင်းသူ ၂,၂၀၀ ဦး လက်ခံရန် လျာထားကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ကို အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပေးမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာဖြင့် လျှောက်ထားရ မည်ဖြစ်ပြီး လျှောက်လွှာများကို အမှတ်အများဆုံးမှ အနည်းဆုံးထိ စိစစ်ကာ ၁၀၀ ပြည့်သည်အထိ ခေါ်ယူမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို သင်တန်းတက်ရောက်ခွင့်ရသူ များအနက် သတ်မှတ်အမှတ်များ ထက် ကျော်လွန်သူများကို တစ် လလျှင် ကျပ်တစ်သိန်းဖြင့် ဝိဇ္ဇာ ချွန်ဆု၊ သိပ္ပံချွန်ဆုများ ချီးမြှင့် မည်ဖြစ်သည်။

‘‘အမှတ်တွေကတော့ အ ဆင့်မြင့်ပညာဦးစီးဌာနကို တင် ထားတုန်းပဲရှိသေးတယ်။ ဝင်ခွင့် လမ်းညွှန်ထွက်လာရင် အသေး စိတ်ပါပါလိမ့်မယ်’’ဟု ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၆-၁၇ ပညာသင်နှစ်က ရန်ကုန်တက္ကသိုလ်ဝင်ခွင့် အနိမ့် ဆုံးအမှတ်များသည် မြန်မာစာအ ထူးပြု (မြန်မာ ၇၀၊ ပေါင်း ၄၁၀)၊ အင်္ဂလိပ်စာ (အင်္ဂလိပ်စာ ၇၀၊ ပေါင်း ၃၉၀)၊ ပထဝီဝင် (ပထဝီ ၆၅၊ ပေါင်း ၃၉၅)၊ သမိုင်း (အင်္ဂ လိပ်စာ ၅၅၊ ပေါင်း ၃၉၀)၊ ဒဿနိက (အင်္ဂလိပ်စာ ၆၅၊ ပေါင်း ၃၈၀)၊ စိတ်ပညာ (အင်္ဂလိပ်စာ ၆၅၊ ပေါင်း ၄၀၀)၊ ဥပဒေပညာ (အင်္ဂလိပ်စာ ၆၅၊ ပေါင်း ၄၅၀)၊ အရှေ့တိုင်းပညာ (အင်္ဂလိပ်စာ ၆၀၊ ပေါင်း ၃၈၀)၊ နိုင်ငံတကာ ဆက်ဆံရေး (အင်္ဂလိပ်စာ ၇၀၊ ပေါင်း ၄၅၀)၊ မနုဿဗေဒ (အင်္ဂ လိပ်စာ ၆၀၊ ပေါင်း ၃၉၀)၊ ရှေး ဟောင်းသုတေသန (အင်္ဂလိပ်စာ ၆၀၊ ပေါင်း ၄၁၀)၊ ဓာတုဗေဒ (ဓာတုဗေဒ ၈၀၊ ပေါင်း ၄၄၀)၊ ရူပဗေဒ (ရူပဗေဒ ၈၀၊ ပေါင်း ၄၅၀)၊ သင်္ချာ(သင်္ချာ ၈၀၊ ပေါင်း ၄၄၀)၊ သတ္တဗေဒ (ဇီဝဗေဒ ၇၀၊ ပေါင်း ၄၂၀)၊ ရုက္ခဗေဒ (ဇီဝဗေဒ၇၅၊ ပေါင်း ၄၂၀)၊ ဘူမိဗေဒ (ရူပ၊ဇီဝ ၇၅၊ ပေါင်း ၄၂၀)၊ ကုန်ထုတ် ဓာတုဗေဒ (ဓာတုဗေဒ ၈၀၊ ပေါင်း၄၃၀)၊ ကွန်ပျူတာသိပ္ပံ (သင်္ချာ ၈၀၊ ပေါင်း ၄၅၀)၊ နိုင်ငံရေးသိပ္ပံ (အင်္ဂလိပ်စာ ၆၅၊ ပေါင်း ၄၄၀)၊ မြန်မာမှုပညာ (မြန်မာစာ ၆၀၊ အင်္ဂလိပ်စာ ၆၀၊ ပေါင်း ၄၁၀)၊ စာကြည့်တိုက်နှင့် သုတပညာ (အင်္ဂလိပ်စာ ၆၀၊ ပေါင်း ၃၈၀) ဖြစ်သည်။
7Day News

No comments:

Post a Comment