Latest News

Monday, July 10, 2017

စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး သန်လျင် စက်ဘီးချစ်သူများအဖွဲ့ စုပေါင်းလှည့်လည်လှုံ့ဆော်

စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး သန်လျင် စက်ဘီးချစ်သူများအဖွဲ့ စုပေါင်းလှည့်လည်လှုံ့ဆော်


ရန်ကုန် ဇူလိုင် ၉

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် စည်းကမ်း တကျ အမှိုက်စွန့်ပစ်ရေး   အသိပညာပေးခြင်းလုပ်ငန်းအား သန်လျင်စက်ဘီးချစ်သူများအဖွဲ့မှ  စုပေါင်း၍ ဇူလိုင် ၉ ရက် နံနက် ၆ နာရီက မြို့တွင်း ၇ ရပ်ကွက်သို့ အသိပညာ ပေး လှုံ့ဆော်ခဲ့ကြောင်း သိရသည်။

သန်လျင်စက်ဘီးချစ်သူများ စုပေါင်းအဖွဲ့သည် ပရ ဟိတလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စည်း ကမ်းတကျ အမှိုက်ပစ်စို့ စာတန်းပါ အသိပညာပေး အင်္ကျီ အားဝတ်ဆင်၍ အင်အား ၇ဝ ကျော်ကသန်လျင်မြို့ မြို့သစ် အရှေ့ရပ်ကွက် ပြည်တော်သာလမ်း Calorie (Café & Bakery) ဆိုင်ရှေ့မှ စတင်ကာ မြို့သစ်အရှေ့ရပ်ကွက်၊ မြို့သစ်အလယ်ရပ်ကွက်၊ မြို့သစ်အနောက်ရပ်ကွက်၊
ဒါရ်ကာရပ်ကွက်၊  မြို့မမြောက်ရပ်ကွက်၊ မြို့မတောင် ရပ်ကွက်နှင့်  ပဲခူးစုရပ်ကွက်အတွင်းသို့ စက်ဘီးများ
စီးကာ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး လှည့်လည်လှုံ့
ဆော်ခဲ့ကြောင်း သိရသည်။

စက်ဘီးချစ်သူများ စုပေါင်းအဖွဲ့အနေဖြင့် သန်လျင် မြို့တွင်း ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ ပြည်သူများ အား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပြီး သန်လျင်မြို့သူ၊ မြို့သားများအနေဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့်ကိုက်ညီပြီး ကျန်းမာရေးနှင့် ညီညွတ်သော စက်ဘီးစီးခြင်းဖြင့်   အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကာ သန့်ရှင်းသပ်ရပ်ပြီး အမှိုက်ကင်းစင်သော မြို့တစ်မြို့ ဖြစ်စေရေး စုပေါင်းပါဝင်စေလိုကြောင်း စက်ဘီး ဖြင့် လှည့်လည်လှုံ့ဆော်ပွဲတွင် ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့သော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင် ထွန်းက ပြောသည်။                  

သက်ခိုင်(သန်လျင်)
The Mirror Daily

No comments:

Post a Comment