တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဂယာမြို့ရှိ သမိုင်းဝင် ဗုဒ္ဓဝင်အထိမ်းအမှတ်နေရာများအား ဖူးမြော်
နေပြည်တော် ဇူလိုင် ၉
အိန္ဒိယသမ္မတနိုင်ငံ ဂယာမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းတွင် ဂယာမြို့အတွင်းရှိ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အထိမ်းအမှတ်နေရာများ၊ ဘုရားကျောင်းဆောင်များနှင့် စေတီတော်များအား လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။
ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးသည် ဂယာမြို့ရှိ ဂျပန်နိုင်ငံမှ တည်ထား ကိုးကွယ်သော ဂျပန်ဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဂယာမြို့မှ အာမက်ဒါဘတ်မြို့သို့ အိန္ဒိယ တပ်မတော်အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြပြီး ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် အာမက်ဒါဘတ်မြို့လေဆိပ်သို့ ရောက်ရှိကြရာ လေဆိပ်တွင် အမှတ်(၁၁)တပ်မမှူး Maj. Gen. ANIL PURI နှင့်ဇနီး၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Monday, July 10, 2017
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂယာမြို့ရှိ သမိုင်းဝင် ဗုဒ္ဓဝင်အထိမ်းအမှတ်နေရာများအား ဖူးမြော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂယာမြို့ရှိ သမိုင်းဝင် ဗုဒ္ဓဝင်အထိမ်းအမှတ်နေရာများအား ဖူးမြော်
Reviewed by Ar Ti
on
7:39 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment