Latest News

Tuesday, July 4, 2017

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တွေမှာ မြစ်ရေကြီးနိုင်တဲ့အတွက် ရွှေကူမြို့နယ်၊ မင်းကင်းမြို့နယ်နဲ့ မုံရွာမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလဌာနက တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်တွင် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အလားတူ ချင်းတွင်းမြစ်ရေဟာလည်း  မင်းကင်းမြို့မှာ  ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်မှာ ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သလို၊ မုံရွာမြို့မှာလည်း ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်မှာ ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
DVB

No comments:

Post a Comment