Latest News

Tuesday, July 11, 2017

မစ္စယန်ဟီးလီ စီးနင်းလာသည့် လေယာဉ် အသေးစားစက်ချို့ယွင်းသဖြင့် သံတွဲလေယာဉ်ကွင်း၌ ခေတ္တရပ်နားထားရ

မစ္စယန်ဟီးလီ  စီးနင်းလာသည့် လေယာဉ် အသေးစားစက်ချို့ယွင်းသဖြင့် သံတွဲလေယာဉ်ကွင်း၌ ခေတ္တရပ်နားထားရ
Photo Credit
သံတွဲ၊ ဇူလိုင် ၁၁

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ စီးနင်းလိုက်ပါသွားတဲ့လေယာဉ်ဟာ အသေးစား စက်ချို့ယွင်းမှုဖြစ်တာကြောင့် သံတွဲလေဆိပ်မှာ  ခေတ္တရပ်နားထားရတယ်လို့  သံတွဲခရိုင်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

သူဟာ ကျောက်ဖြူ / သံတွဲ / စစ်တွေမြို့တွေကို သွားရောက်မှာဖြစ်ပါတယ်။"စက်အသေးစားချို့ယွင်းမှု ကိုပြင်ဆင်ပေးဖို့ မြန်မာ့လေကြောင်းကို လှမ်းပြောထားကြောင်း ၊ မစ္စရန်ဟီးလီ သံတွဲလေဆိပ်မှာ နားနေကြောင်း ကျွန်တော်တို့ ဆီကို သတင်းတင်ထားပါတယ်" လို့   သံတွဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျရဲအရာရှိက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

မစ္စ ရန်ဟီးလီစီးနင်းလိုက်ပါလာတဲ့လေယာဉ် ဟာ မြန်မာ့လေကြောင်းလိုင်းက  လေယာဉ်အမှတ် UB 253 ဖြစ်တယ်လို့သိရပါတယ်။
Popular News Journal

No comments:

Post a Comment