Latest News

Tuesday, July 11, 2017

ကုလစုံစမ်းရေးအဖွဲ့အား ဗီဇာပေးရန် မြန်မာအား အမေရိကန် လုံခြုံရေးကောင်စီ သံတမန်တိုက်တွန်း

ကုလစုံစမ်းရေးအဖွဲ့အား ဗီဇာပေးရန် မြန်မာအား အမေရိကန် လုံခြုံရေးကောင်စီ သံတမန်တိုက်တွန်း

အမေရိကန်သံအမတ် နစ်ကီ ဟာလေး(Nikki Haley) ကနေပြီး ကုလသမဂ္ဂ Fact-fing Mission အဖွဲ့၏ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင်လူမျိုးစုများ အရေးကိစ္စနှင့် ပတ်သက်ပြီး စုံစမ်စစ်ဆေး ခွင့်ပြုရန် တနင်္လာနေ့က တိုက်တွန်းခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဖော်ပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထာသူ သုံးဦးအား မြန်မာအစိုးရမှ ၀င်ရောက်ခွင့် မပြုထားကြောင်းနှင့် ပတ်သက်ပြီး ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စက အလွန်အရေးကြီးပါတယ်။ မြန်မာအစိုးရ အနေနဲ့ Fact-finding mission ကို ၀င်ရောက်ခွင့်ပြုပြီး ၎င်းတို့တာဝန်ကို လုပ်ဆောင်စေဖို့ လိုအပ်တယ်” ဟု ဟာလေး၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“နိုင်ငံ အသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဘာဖြစ်နေသလဲ ဆိုတာကို သိပါသလား။ ဒါကြောင့် ကျွန်မတို့ အတူတကွ ရပ်တည်ပြီး ကုလသမဂ္ဂရဲ့fact-finding mission နဲ့ မြန်မာအစိုးရ အတူလက်တွဲ ဆောင်ရွက်ဖို့ တိုက်တွန်း လိုအပ်တယ်”

မြန်မာနိုင်ငံခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒီမိုကရေစီအရေး လှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကုလသမဂ္ဂ၏ Fact-finding mission ၀င်ရောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး ငြင်းဆိုထားပြီး မြန်မာအစိုးရအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဆိုသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွင်းက ဘင်္ဂါံလီ စစ်သွေးကြွများက နယ်ခြားစောင့် တပ်စခန်းကို တိုက်ခိုက်ပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်း တစ်ခုလုံးအား နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ကုလသမဂ္ဂ ခန့်မှန်းတွက်ချက်မှုအရ ဘင်္ဂါလီပေါင်း ၉ သောင်းခန့်အား ၎င်းတို့နေအိမ်မှ စွန့်ခွာစေခြင်းများ ရှိကြောင်း သတင်းတွင် ဖော်ပြထား သည်။

ဟာလေးက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကြောင့် ခံရသည့် ဘ၀များအတွက် ဆက်လက် တောင်းဆိုခြင်းများ၊ အမျိုးသမီးနှင့် ကလေးများအား ပစ်မှတ်ထားကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရှိကြောင်း စွပ်စွဲချက်များ ရှိသည်ဟု ဆိုသည်။

မေလတွင် ဂျနီဗာအခြေစိုက် လူ့အခွင့်အရေး ကောင်စီကနေပြီး အိန္ဒိယနိုင်ငံမှ Indira Jaising ၊ သီရီလင်္ကာနိုင်ငံမှ Radhika Coomar aswamy နှင့် သြစတြေးနိုင်ငံမှ Christopher Dominic တို့ ၃ ဦး ပါဝင်သည့် Fact-finding Mission အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

စိုင်းဟန်
Ref : AFP
The Ladies News

No comments:

Post a Comment