Latest News

Thursday, July 6, 2017

အောင်လအန်ဆိုင်းရဲ့ ချန်ပီယံကာကွယ်ပွဲ မြန်မာနိုင်ငံမှာ လက်ခံကျင်းပမယ်


အောင်လအန်ဆိုင်းရဲ့ ချန်ပီယံကာကွယ်ပွဲ မြန်မာနိုင်ငံမှာ လက်ခံကျင်းပမယ်

လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျင်းပဖို့ လျာထားတယ်လို့ ဆိုပါတယ်။

One Championship (MMA) ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ရရှိထားတဲ့ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား MNA ကစားသမား အောင်လအန်ဆန်ရဲ့ ပထမဆုံး ချန်ပီယံ ကာကွယ်မယ့် One Championship (MMA) ပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၂ ရက်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းသွားမယ်လို့ မြန်မာလက်ခမောင်းကုမ္ပဏီကနေ သိရပါတယ်။

“အကြမ်းအားဖြင့်  နိုဝင်ဘာ၂ ရက် လို့ ပွဲကို သတ်မှတ်ထားပါတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ အစည်းအဝေးတစ်ခုရှိပါတယ်။ အဲ့ဒီအစည်းအဝေးအရ တစ်လလောက်နောက်ဆုတ်ရင် ဆုတ်သွားနိုင်တယ်။ အခုပွဲကို အကြီးကျယ်ဆုံး ပြင်ဆင်မှုတွေလုပ်မှာဖြစ်လို့ အချိန်မလုံလောက်မှာစိုးလို့ပါ’’လို့ မြန်မာလက်ခမောင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇေသီဟက ဆင်ဟွာသတင်းဌာနကို ပြောပါတယ်။

အောင်လအန်ဆန်က ဇွန် ၃ဝ ရက်မှာ ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို မြန်မာနိုင်ငံမှာ စိန်ခေါ်ယှဉ်ပြိုင်ခဲ့ပြီး အမှတ်နဲ့အနိုင်ရရှိကာ ချန်ပီယံရွှေခါးပတ်ကို လွှဲပြောင်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် အောင်လအန်ဆန်က မြန်မာနိုင်ငံမှာ သုံးကြိမ်လာ ရောက်ယှဉ်ပြိုင်ထားပြီး ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ခဲ့ကာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ကမ္ဘာ့ချန်ပီယံကို အနိုင်ယူပြီး ချန်ပီယံရွှေခါးပတ်ကို လွှဲပြောင်းရယူနိုင်ခဲ့လို့ ချန်ပီယံရွှေခါးပတ်ကို ကာကွယ်ရတော့မှာဖြစ်ပါတယ်။
Source : Xinhua
Photos : One Championship

No comments:

Post a Comment