Latest News

Thursday, July 6, 2017

သတင်းထောက်များ ဖမ်းဆီးခံရသည့်ကိစ္စကို ကျဉ်းမြောင်းသည့်ရှုထောင့်မှ ကြည့်၍မရဟု ဒေါ်အောင်ဆန်းစုကြည်ဆို

သတင်းထောက်များ ဖမ်းဆီးခံရသည့်ကိစ္စကို ကျဉ်းမြောင်းသည့်ရှုထောင့်မှ ကြည့်၍မရဟု ဒေါ်အောင်ဆန်းစုကြည်ဆို

သတင်းထောက် များ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက် သည့်ဖြစ်စဉ်ကို ကျဉ်းမြောင်း သည့် ရှုထောင့်မှ ကြည့်၍မရ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

မကြာသေးမီက တပ်မတော် က ဒီဗီဘီနှင့် ဧရာဝတီသတင်း ဌာနများမှ သတင်းထောက်သုံးဦး ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးတရားစွဲ ဆိုထားသည်။ မြန်မာနိုင်ငံတွင် သတင်းယူရန်ကြိုးစားသော သ တင်းထောက်များကို ဖမ်းဆီးမှု များရှိနေပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံ၏မီဒီ ယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ စိုးရိမ်နေသည့်အပေါ် ဒေါ်အောင် ဆန်းစုကြည်၏ သဘောထားကို ရိုက်တာသတင်းဌာနက မေးမြန်း ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယင်းကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်သုံးဦးအဖမ်းခံရ သည့်ဖြစ်ရပ်ကို ကျဉ်းမြောင်း သည့်ရှုထောင့်မှ မချဉ်းကပ်သင့် ဘဲ ဥပဒေကြောင်းတစ်ခုလုံး၏ သက်ရောက်မှုနှင့်ဆိုင်သောကိစ္စ အဖြစ် ရှုမြင်သင့်ကြောင်း ဆိုသည်။ ‘‘သတင်းထောက်သုံးဦးနဲ့တပ်မတော်ကြားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတစ်ခုလို့ပဲ ဘောင်ကျဉ်းကျဉ်းလေးနဲ့ ကြည့်လို့မရပါဘူး။ လက်ရှိ ကျင့်သုံးနေ တဲ့ ဥပဒေတွေကတရားမျှတမှု၊ ဒီမိုကရေစီလမ်းကြောင်းနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာကို ကြည့်ရပါမယ်။ ဒီမိုကရေစီနဲ့ လျော်ညီမှု မရှိဘူးဆိုရင်တော့  ဥပဒေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ဆင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်’’ ဟုလည်း မှတ်ချက်ပေးသည်။

ဇူလိုင် ၆ ရက်က နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဘော့ဂ်ဘရန် ဒေးနှင့်အတူ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်း စုကြည်က ‘‘တရားဥပဒေတွေက မျှတမှုရှိရပါမယ်။ အသိုက်အဝန်း အသီးသီးက ပြည်သူတွေအနေနဲ့ ဥပဒေတွေက မျှတမှုမရှိဘူးလို့ ခံစားနေမိကြတယ်ဆိုရင်တော့ လွှတ်တော်မှာ ဒီဥပဒေတွေကို ပြင်ဆင်နိုင်ပါတယ်။ ဒီနေရာမှာ သတ်မှတ်လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ ဆောင်ရွက်ဖို့ လိုပါတယ်’’ ဟု ပြောကြားသည်။

နော်ဝေး နိုင်ငံခြားရေးဝန် ကြီးက ဒေါ်အောင်ဆန်းစုကြည် သည် သတင်းထောက်များလွတ် လပ်ခွင့်အပြင် မီဒီယာလွတ်လပ် ခွင့်ကိုပါ စူးစိုက်ဆောင်ရွက်နေ သည်ဟု နားလည်ထားကြောင်း နှင့် ယခုကဲ့သို့ ဖြစ်ရပ်မျိုးတွင် ဘက်ပေါင်းစုံမှ ညှိနှိုင်းဖြေရှင်းရန် အရေးကြီးကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၆၆(ဃ) နှင့် ပတ်သက်၍ ဥပဒေရေးရာတာဝန်ရှိသူများက ပြင်ဆင်ပြဋ္ဌာန်းမှုများပြုလုပ်ရန်ဆန်း စစ်စဉ်းစားနေသည်ဟု ဆိုသည်။
7Day News

No comments:

Post a Comment