Latest News

Sunday, July 2, 2017

သေဆုံးခဲ့သည့် ပရိသတ်အိမ်သို့ အောင်လအန်ဆန် သွားရောက်အားပေးပြီး ကျပ် ၁၀ သိန်းလှူဒါန်း

သေဆုံးခဲ့သည့် ပရိသတ်အိမ်သို့ အောင်လအန်ဆန် သွားရောက်အားပေးပြီး ကျပ် ၁၀ သိန်းလှူဒါန်း

 အောင်လအန်ဆန်နှင့် ရုရှားလက်ဝှေ့သမားတို့ ထိုးသတ် ပွဲကို အားပေးရင်း ရုတ်တရက်သေဆုံးခဲ့သည့် ဦးခင်မောင်ဝင်း၏ နာရေးအိမ်သို့ ဇူလိုင် ၁ ရက် နေ့လယ်တွင် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က သွားရောက်အားပေးစကားပြောပြီး အလှူငွေ ကျပ်၁၀ သိန်း ပေးအပ်ခဲ့သည်။

(၆၅)နှစ်အရွယ် ဦးခင်မောင်ဝင်းသည် ဇွန်လ ၃၀ ရက် ညတွင် ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် ကံဘဲ့ဘူတာရုံလမ်းရှိ လက်ဖက်ရည်ဆိုင်၌ ONE Championship ပြိုင်ပွဲ ကြည့်ရှုပြီး အောင်လအန်ဆန်ကို အားပေးရင်း ရုတ်တရက်သေဆုံးခြင်းဖြစ်သည်။ ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက်ရှိ ဦးခင်မောင်ဝင်း၏ နာရေးအိမ်သို့ အောင်လအန်ဆန်နှင့် သူ၏အဖွဲ့ဝင်များ၊ မြန်မာလက်ခမောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟတို့ လာရောက်အားပေးစကား ပြောကြားပြီး အောင်လအန်ဆန်က အလှူငွေ ကျပ် ၁၀ သိန်းနှင့် ဦးဇေသီဟက အလှူငွေ ကျပ်လေးသိန်း လှူဒါန်းခဲ့သည်။

ကွယ်လွန်သူ ဦးခင်မောင် ၀င်းသည် တွံတေးမြို့နယ်မှ မြန်မာ့လက်ဝှေ့ကစားသမား ဦးဒေါင်း ညိုနှင့် ခမည်းခမက်တော်စပ်ပြီး မြန်မာ့လက်ဝှေ့ ကစားသမား ဒေါင်းညိုလေး၏ ယောက္ခမဖြစ် သည်။ လက်ရှိမြန်မာ့လက်ဝှေ့ အ ငယ်တန်း လက်ဝှေ့ကစားသမား ဒေါင်းသိင်္ခ၏ အဘိုးဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုဝင်များက ပြောသည်။

 ‘‘အခုလိုဖြစ်တဲ့အတွက် ကျွန်တော် စိတ်မကောင်းဘူး။ သူ တို့မိသားစုနဲ့ထပ်တူ ကျွန်တော်ခံ စားရတယ်။ နောက်ပြီး လက်ဝှေ့ ကစားတဲ့သူတွေကို ကျွန်တော်အ ရမ်းလေးစားတယ်။ သူတို့က ကျွန်တော့်မိသားစုလိုပဲ၊ ကျွန်တော်စိတ်အရမ်းလှုပ်ရှားတယ်။ နောက်ပြီး လက်ဝှေ့မိသားစုတွေကို ကျွန် တော် ထောက်ပံ့မှုတွေပေးတယ်။ နောက်ပြီး အခုလို ကျွန်တော့်ကို အားပေးတဲ့အတွက် အရမ်းကျေး ဇူးတင်တယ်။ ကျွန်တော့်အတွက် အားအရမ်းရှိတယ်။ နောက်လည်း ကျွန်တော် ပိုနိုင်အောင်ကျင့်မယ်။  ပိုနိုင်အောင်ကစားမယ်’’ဟု ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်က 7Day Daily သတင်းစာအား ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် လာရောက်သဖြင့် ရပ်ကွက်ရှိ ၎င်း၏ ပရိသတ်များ နာရေးအိမ်ရှေ့သို့ စုရုံးရောက်ရှိလာသည်။ အောင်လအန်ဆန်က ပရိသတ်များကို ဖက်လဲတကင်းနှုတ်ဆက်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခံခဲ့သည်။

‘‘အိမ်ရောက်တော့ ကျွန်မ ကို အောင်လအန်ဆန်က အမေ လို့ခေါ်တယ်။ အမေရယ် သားပွဲ ကိုကြည့်ရင်း အခုလို ဖြစ်သွားရ တာ စိတ်မကောင်းဘူး။ အရမ်း ၀မ်းနည်းတယ် အမေရယ်။ အမေ တို့ ဘာမှစိတ်ဓာတ်မကျပါနဲ့ လိုအပ်တဲ့အကူအညီ ပြောပါ၊ ထောက်ပံ့ပါမယ်လို့လည်း ပြော သွားတယ်’’ဟု ကွယ်လွန်သူ၏ ညီမ ဒေါ်သန်းဌေးကြည်က ပြော သည်။

ချန်ပီယံ အောင်လအန်ဆန် က အစ်ကိုဖြစ်သူနာရေးတွင် တ ကူးတကလာရောက်ပြီး ဝမ်းနည်း ကြောင်းနှင့် အားပေးစကားပြော ပြီး အလှူငွေများပေးအပ်၍် ဝမ်း သာကြောင်း၊ ကမ္ဘာ့ချန်ပီယံတစ် ဦးကို မိသားစုရော ပတ်ဝန်းကျင် ကသူတွေပါ ယခုလို တွေ့ဆုံခွင့်ရသဖြင့် ဝမ်းသာကြောင်း ဒေါ်သန်းဌေးကြည်ကပြောသည်။

တိုင်းရင်းသား အချင်းချင်း ငြိမ်းချမ်းစွာနေထိုင်ရန်၊ လူမျိုးဘာသာ မခွဲခြားဘဲ စည်းစည်းလုံးလုံးနေရန် နာရေးအိမ်တွင် ၎င်းကို လာရောက်တွေ့ဆုံသူများကို အောင်လအန်ဆန်က ပြော ကြားခဲ့ကြောင်း မြန်မာလက်ခ မောင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟ ကပြောသည်။
7Day News Journal

No comments:

Post a Comment