Latest News

Sunday, July 2, 2017

ဆီးရီးယားစစ်တပ် အခြေစိုက်စခန်း တစ်ခုကို အစ္စရေးလေတပ် ဗုံးကြဲ

ဆီးရီးယားစစ်တပ် အခြေစိုက်စခန်း တစ်ခုကို အစ္စရေးလေတပ် ဗုံးကြဲ

ဆီးရီးယား စစ်တပ်၏ အခြေစိုက် စခန်းတစ်ခုကို အစ္စရေး လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယခုသီတင်းပတ်အတွင်း ဆီးရီးယားဘက်မှ ပစ်ခတ်လိုက်သည့် မော်တာကျည်ဆန်များ အစ္စရေး ထိန်းချုပ်ထားရာ ဂိုလန် ကုန်းပြင်မြင့်သို့ ကျရောက် ပေါက်ကွဲခဲ့သည့်နောက် ယင်းကို ချက်ချင်း လက်တုံ့ပြန်ခဲ့ကြောင်း အစ္စရေး အာဏာပိုင်များက အတည်ပြုခဲ့သည်။

ဇူလိုင် ၁ ရက် ညပိုင်းက ဆင်နွှဲသော လေကြောင်းတိုက်ခိုက်မှုသည် အစ္စရေး၏ လုံခြုံရေး စည်းရိုးအနား မော်တာကျည်ဆန်နှစ်ခု ကျရောက် ပေါက်ကွဲမှုအတွက် တိုက်ရိုက် တုံ့ပြန် ဒဏ်ခတ်ခြင်းဟု အစ္စရေး စစ်ဘက်က ကြေညာချက် ထုတ်ပြန်သည်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ရိုနန် မာနယ်လစ်က အစ္စရေးသည် ဆီးရီးယား ပြည်တွင်းစစ်တွင် လုံးဝ ပါဝင်စွက်ဖက်မှု မရှိသည့် မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း၊ သို့သော် အစ္စရေး၏ အချုပ်အခြာ အာဏာကို ထိခိုက်လာသည့် မည်သည့် အပြုအမူကိုမျှလည်း သည်းခံနေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အယူအဆက ရှင်းပါတယ်။ နယ်စပ်ကို ကျော်လွန်ပြီး အစ္စရေးဘက် ရောက်လာသမျှ ကိစ္စတိုင်းဟာ ဆီးရီးယား အစိုးရမှာ တာဝန်ရှိပါတယ်။ ဒီအတွက် လိုအပ်သလို တုံ့ပြန် ဆောင်ရွက်မှာပါပဲ”ဟု ၎င်းက ဆိုသည်။

ယခုဖြစ်ရပ်သည် ဆီးရီးယား ပြည်တွင်းစစ် စတင်သည့်နောက်ပိုင်း အစ္စရေးမြောက်ပိုင်းသို့ လက်နက်ပစ္စည်းများ နယ်ကျော် ကျရောက်လာမှု ဆဋ္ဌမအကြိမ်ဟုလည်း သိရသည်။ သို့သော် မည်သည့် ထိခိုက် သေကြေမှုမျှ မရှိခဲ့ချေ။

ယင်းလက်နက် ကျည်ဆန်များ ကျရောက်မှုအနက် အချို့မှာ မတော်တဆ လမ်းချော်လာခြင်းဖြစ်ပြီး အချို့ကမူ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ယုံကြည်ကြောင်း အစ္စရေးက ပြောကြားထားသည်။

Ref: Reuters

7Day News Journal

No comments:

Post a Comment