Latest News

Thursday, July 6, 2017

ရန်ကုန်ဆိပ်ကမ်းများ၌ သင်္ဘောအစင်းရေ ၃၆ စင်း တစ်ပြိုင်နက်ဝင် ရောက်နိုင်

ရန်ကုန်ဆိပ်ကမ်းများ၌ သင်္ဘောအစင်းရေ ၃၆ စင်း တစ်ပြိုင်နက်ဝင်
ရောက်နိုင်


ရန်ကုန်   ဇူလိုင်   ၆

မြန်မာနိုင်ငံတွင်   ပထမဦးဆုံးအကြိမ် အဖြစ် ကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများနှင့်  သင်္ဘော များဆိုင်ရာ ၂ဝ၁၇ ဆွေးနွေးပွဲနှင့် ပြခန်း များဖွင့်ပွဲ (15th  ASEAN Ports    and   Shipping   2017  Conference     and  Exhibition )ကို ယနေ့နံနက် ပိုင်းက  ရန်ကုန်မြို့  ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပို့ဆောင် ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးကျော်မျိုး၊ မြန်မာ ဆိပ်ကမ်းအာဏာပိုင်      ဦးဆောင် ညွှန်ကြားရေးမှူး     ဦးနီအောင်နှင့်  Transport   Events  Manage-  ment    ၏   ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူMr. Rory J.Doyle   တို့က အမှာစကားများ ပြောကြားခဲ့သည်။
ပင်လယ်ရေကြောင်း ကုန်စည်ပို့ ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ¶ဖြိုးတိုးတက်လာစေရန်အတွက် ဒေသ တွင်းနိုင်ငံများမှ   နည်းလမ်းရှာဖွေပူး ပေါင်းဆောင်ရွက်နိုင်ရန်နှင့် ဒေသတွင်း နိုင်ငံအချင်းချင်း   တစ်ခုတည်းသော စီးပွားရေးအသိုက်အမြုံ၊  တစ်ပေါင်း တစ်စည်းတည်းသော သယ်ယူပို့ဆောင် ရေးနှင့်    စီးပွားရေးအသိုက်အဝန်း        ဖြစ် ပေါ်လာစေရန်အတွက်   ဆွေးနွေး ပွဲများကို     နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။
ယခုနှစ် ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း  ၁၈  နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၃ဝဝ နီးပါး လာရောက်ဆွေးနွေးလျက်ရှိပြီး ဆိပ်ကမ်းလုပ်ငန်းများနှင့် ပတ်သက်သော နိုင်ငံတကာကုမ္ပဏီ ပြခန်းပေါင်း ၅ဝ ကျော် ပြသထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြု နေသော   ဆိပ်ကမ်းများအကြောင်းကို မြန်မာဆိပ်ကမ်းအာဏာပိုင်၊     နိုင်ငံ တကာဆက်ဆံရေးနှင့်   လူ့စွမ်းအား အရင်းအမြစ်ဌာနမှ   မန်နေဂျာ ဦးကျော် ဝ္ဏက   ''မြန်မာနိုင်ငံ    ပင်လယ် ရေကြောင်းကုန်သွယ်မှုရဲ့ ၁ဝဝ ရာခိုင်နှုန်း နီးပါးကို ရန်ကုန်ဆိပ်ကမ်းက ကိုင်တွယ် နေတာပါ။    ရန်ကုန်ဆိပ်ကမ်းဆိုတဲ့ နေရာမှာ  အတွင်းပိုင်းဆိပ်ကမ်းရယ်၊ အပြင်ပိုင်းဖြစ်တဲ့ သီလဝါဆိပ်ကမ်းရယ် နှစ်ခုရှိပါတယ်''ဟု  ရှင်းပြသည်။ ရန်ကုန်  အပြင်ပိုင်းဖြစ်သော သီလဝါဒေသတွင် ဆိပ်ကမ်းသစ်များ  ထပ်မံတည်ဆောက် နေမှုနှင့်ပတ်သက်၍ ''လက်ရှိ သီလဝါ ဒေသမှာ  အကွက်သစ် ၃၇ ကွက်ဖော် ထားတာ  ရှိပါတယ်။     အဲဒီအထဲမှာAgriculture   Port  ၊    ကွန်တိန်နာ ဆိပ်ကမ်းတွေ၊ အထွေထွေကုန်ပစ္စည်း ဆိပ်ကမ်းတွေပါလာမယ်။ ဒါတွေ အကုန် လုံးပြီးသွားရင်     သီလဝါဒေသကြီးက  သီလဝါစီးပွားရေးဇုန်နဲ့အတူ   ဖွံ့ဖြိုး         တိုးတက်လာမှာပါ''ဟု      ၄င်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်ဆိပ်ကမ်းများ၏    အပြင် ပိုင်းဖြစ်သော  သီလဝါဆိပ်ကမ်းများ     တွင် တန်ချိန် နှစ်သောင်းရှိသင်္ဘောများ ဝင်ရောက်ဆိုက်ကပ်နိုင်ပြီး  အတွင်း ဆိပ်ကမ်းများ(ဗိုလ်တထောင်၊ ဆူးလေ၊ အလုံမြို့နယ်တွင်းရှိ    ဆိပ်ကမ်းများ)      တွင် တန်ချိန်တစ်သောင်းခွဲရှိသော သင်္ဘောများဝင်ထွက်၍ရကြောင်း သိရ သည်။ လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်းများ ၌   သင်္ဘောအစင်းရေ  ၃၆ စင်း တစ်ပြိုင် နက် ဝင်ရောက်ဆိုက်ကပ်နိုင်ကြောင်း သိရသည်။
သတင်း-  ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment