Latest News

Thursday, July 6, 2017

ထီးချိုင့်မြို့နယ်အတွင်း၌ ရှေးဟောင်းအရိုးအိုးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ

ထီးချိုင့်မြို့နယ်အတွင်း၌ ရှေးဟောင်းအရိုးအိုးနှင့် ဆက်စပ်ပစ္စည်းများ
တွေ့ရှိ


ထီးချိုင့်  ဇူလိုင်  ၆

စစ်ကိုင်းတိုင်းဒေသကြီး     ကသာခရိုင် ထီးချိုင့်မြို့နယ်ရှိ       ဟင်္သာသစ်တော ကြိုးဝိုင်းအတွင်း၌ ရှေးဟောင်းအရိုးအိုး နှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ   ဇူလိုင်  ၆  ရက်  ညနေ  ၄ နာရီခန့်တွင် ထီးချိုင့်မြို့နယ် ဖုန်ကုန်း လေးကျေးရွာနေ          ဦးစိုးတင့်သည် ထီးချိုင့်မြို့နယ်          ဟင်္သာကြိုးဝိုင်း အကွက်အမှတ်    (၁ဝ၅)       အတွင်းရှိ  ၄င်းပိုင်    ကြံခင်းအတွင်း    ကြံစိုက်ပျိုးရန် ထွန်ယက်ရာမှ      ရှေးဟောင်းအရိုးအိုး တစ်လုံးနှင့် အရိုးအိုးကွဲများ၊ ကိုးလက်မ ခန့်ရှိ    ရှေးဟောင်းပစ္စည်းဟု  ယူဆရ သော    သံဇွန်းအပြာရောင်တစ်ချောင်း၊ ပုတီးလုံးဟုယူဆရသော တစ်လက်မခန့် အရွယ် ၁ဝ လုံးတို့ တွေ့ရှိထားကြောင်း သိရသဖြင့်      မြို့နယ်   စီ/ခန့်ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်၊    မြို့နယ်သစ်တောဦးစီး အရာရှိ  ဦးစိုးလင်းအောင်၊  ထီးချိုင့်မြို့မ ရဲစခန်းမှ     ဒုရဲမှူး     ရဲထွဋ်အောင်တို့ ပါဝင်သော          ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး     တကောင်း မြို့    ရှေးဟောင်းသုတေသနအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရ သည်။          
လူအောင် (ကသာ)မြန်မာ့အလင်း

No comments:

Post a Comment