Latest News

Saturday, July 1, 2017

ပရိသတ်၏ မေတ္တာကိုထပ်ပိုးရရှိခဲ့တဲ့ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်

ပရိသတ်၏ မေတ္တာကိုထပ်ပိုးရရှိခဲ့တဲ့ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်

ပူပူနွေးနွေး    မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံ    အောင်လအန်ဆန်က သူ၏   ယှဉ်ပြိုင်ထိုးသတ်မှုများကို  ရုပ်မြင်သံကြားမှ   တစ်ဆင့်  ကြည့်ရှုရင်း စိတ်လှုပ်ရှားလွန်းသဖြင့် သေဆုံးသွားခဲ့သည့်    အမျိုးသား တစ်ဦး၏   နာရေးကို    ကိုယ်တိုင် သွားရောက်  သတင်းမေးခဲ့သည်။  ယင်းအတွက်ကြောင့် ကမ္ဘာ့ချန်ပီယံ ဖြစ်သည့်   အောင်လအန်ဆန်ကို  နဂိုကပင်   ဂုဏ်ယူပြီး ချစ်ခင်သည့် မြန်မာပရိသတ်များ   ပို၍ပင် မေတ္တာ သက်ဝင်လာရပြီဖြစ်ကြောင်းကို လူမှုကွန်ရက်   စာမျက်နှာများတွင် ရေးသားကြသည့် မှတ်ချက်များကို ကြည့်ရှု၍   အဖြေထုတ်နိုင်မည်ဖြစ် သည်။

သေဆုံးသွားသူ  အသက်( ၆၄)နှစ်အရွယ် အမျိုးသားကြီးမှာ ရန်ကင်း မြို့နယ်( ၁၂)ရက်ကွက်  ကံဘဲ့ဘူတာ ရုံလမ်းရှိ  လက်ဖက်ရည်ဆိုင်တွင် အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံ သား    ဗစ်တာလီဗစ်ဒက်ရှ်တို့၏ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံ လုပွဲ    ပထမအချီ ထိုးသတ်ပုံများကို ကြည့်ရှုရင်း စိတ်လှုပ်ရှားလွန်းသဖြင့် ရုတ်တရက်   သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း   မျက်မြင်တွေ့ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

အောင်လအန်ဆန် သတင်းသွား မေးသည့်အကြောင်းကို   7 Days မီဒီယာက  အွန်လိုင်းသတင်းအဖြစ် ဦးဦးဖျားဖျားတင်ဆက်ခဲ့ရာ   တစ် နာရီ မပြည့်မီမှာပင် Like ပေးသူ ၅၂ဝဝဝ ကျော်အထိ   ရရှိခဲ့သလို  ရေးသားခဲ့ကြသည့်မှတ်ချက်များတွင် အောင်လအန်ဆန်၏  စိတ်ထား အပေါ်  အထူးချီးကျူးရေးသားမှု များကိုသာ တွေ့ရသည်။  ဇွန် ၃ဝ ရက် ညဥ့်နက်ချိန်ရောက်မှ ပြီးဆုံးသွားခဲ့ သည့်    အဆိုပါပွဲကို  ပရိသတ် မြောက်မြားစွာတို့က   ကိုယ်တိုင်၊ ရုပ်မြင်သံကြား၊      အွန်လိုင်းတို့မှ တစ်ဆင့်  စိတ်ဝင်တစားကြည့်ရှုခဲ့ ကြပြီး ပွဲစဉ်မတိုင်မီ  ရက်ပိုင်းမှစ၍  ယခု အချိန်အထိ  အောင်လအန်ဆန် ၏ အကြောင်းများကသာ  အဓိက နေရာ ယူထားဆဲဖြစ်သည်။   အောင်လ အန်ဆန်၏ ပွဲအပြီးပြောကြားခဲ့သည့် မြန်မာနိုင်ငံအတွက်   အလေးထား ပြောကြားမှုများသည်လည်း  ပရိသတ် များအတွက် ဂုဏ်ယူဖွယ်ရာ မမေ့နိုင် ဖွယ်ရာ    ဖြစ်စေခဲ့သလို မျိုးချစ် စိတ်ဓာတ် တက်ကြွလာအောင်လည်း တွန်းအားပေးနိုင်ခဲ့သည်။ အောင်လ အန်ဆန်မှာ ပြီးခဲ့သည့် မေ ၂၁ ရက် တွင်  အသက်( ၃၂)နှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်သည်။

မေလဲ့သင်း(The Mirror Daily)

No comments:

Post a Comment