Latest News

Saturday, July 1, 2017

မောင်တောဒေသ နယ်မြေလုံခြုံရေးအစွမ်းကုန်ကြိုးပမ်းမည်

မောင်တောဒေသ နယ်မြေလုံခြုံရေးအစွမ်းကုန်ကြိုးပမ်းမည်

မောင်တော   ဇူလိုင်     ၁

မောင်တောဒေသ    တည်ငြိမ်အေးချမ်း ရေးနှင့်          နယ်မြေလုံခြုံရေးအတွက်   အစွမ်းကုန်        ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း   ရခိုင်ပြည်နယ်    လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက    ပြောကြားသည်။

''နယ်မြေဒေသတစ်ခု  တည်ငြိမ် အေးချမ်းဖို့ဆိုတာဟာ       လုံခြုံရေးက အရေးကြီးပါတယ်။ မောင်တောဒေသမှာ တပ်မတော်၊         မြန်မာနိုင်ငံရဲတပ်ဖွဲ့၊   နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့   လုံခြုံရေး တာဝန်ယူ    ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုနယ်မြေလုံခြုံရေးကို  တိုးမြှင့်ဆောင် ရွက်နေသလို  တစ်ဖက်ကလည်း   ပြည်သူ လူထုအနေနဲ့      တပ်မတော်၊     ပြည်သူ့ ရဲတပ်ဖွဲ့၊       နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ လည်း  ပူးပေါင်းဆောင်ရွက်ဖို့   တိုက်တွန်း လိုပါတယ်။  အတတ်နိုင်ဆုံး  ကျေးရွာ တွေမှာ    လုံခြုံရေး   အဆင့်မြှင့်တင်     ဆောင်ရွက်ထားပါတယ်''ဟု   ဗိုလ်မှူးကြီး ထိန်လင်းက  မောင်တော တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာ၌   ကျေးရွာပြည်သူ လူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။  

ကျေးရွာများနှင့် မလှမ်းမကမ်းတွင်   လုံခြုံရေးစခန်းများ     ချထားပြီးဖြစ် ကြောင်း၊ ထို့အတူ နယ်မြေကို  ပိုင်းခြားပြီး လုံခြုံရေးတာဝန်     ထမ်းဆောင်မှု များလည်း     ရှိကြောင်း၊    နယ်မြေ လုံခြုံမှုရှိအောင်   ဆောင်ရွက်ထားကြောင်း ¤င်းက ထပ်လောင်းပြောကြားသည်။

သို့ရာတွင်    အခက်အခဲတစ်ခုဖြစ် လျှင်သော်လည်းကောင်း၊  ထူးခြားဖြစ်စဉ် ပေါ်ပေါက်လျှင်သော်လည်းကောင်း အနီး စပ်ဆုံး   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊    နယ်ခြား စောင့်တပ်ဖွဲ့၊        တပ်မတော်တို့ထံ ဆက်သွယ်သတင်းပေးပို့   ဆောင်ရွက်ရန် လိုကြောင်း   အရေးပေါ်      တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ထားရှိပြီး   ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ အရေးပေါ်အခြေ အနေပေါ်ပေါက်ပါက    ချက်ချင်းတုံ့ပြန် နိုင်အောင်  ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ ပြည်သူလူထုအနေဖြင့်   လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သွား ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။(မြန်မာ့အလင်း)

No comments:

Post a Comment