Latest News

Saturday, July 1, 2017

မလေးရှားတွင် တရားမ၀င်အလုပ်သမားများ စတင်ဖမ်းဆီး

မလေးရှားတွင် တရားမ၀င်အလုပ်သမားများ စတင်ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင်-၁

မလေးရှားနိုင်ငံအတွင်းရှိ တရား မ၀င်အလုပ်သမားများအား အထောက်အထားလုပ်ပေးသည့်ကာလ ပြီးဆုံးပြီ ဖြစ်သောကြောင့် တရားမ၀င်လုပ်သားများကို ဇူလိုင် ၁ ရက်မှစ၍ စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားကူညီမှု အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးချစ်ကောင်းက စံတော်ချိန်သို့  ပြောဆိုသည်။

မလေးရှားရောက် တရားမ၀င် နိုင်ငံခြားသားအလုပ်သမားများအတွက် ယာယီသက်သေခံကတ် (E Card)ကို ဖေဖော်ဝါရီလမှ ဇွန်လကုန်အထိ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ သတ်မှတ်ကာလ ပြီးဆုံးပြီဖြစ်သောကြောင့် ဇူလိုင် ၁ ရက်မှစတင်၍ မလေးရှားနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများအတွင်း ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

‘ဒီနေ့က နေရာလေး၊ ငါးခုလောက်ဖမ်းတယ်ပေါ့။ ၂၀၀ လောက် ဖမ်းမိတယ်တော့ ကြားတယ်။ သူတို့ကို အလုပ်သမားဝန်ကြီးဌာနက E Card လုပ်ပေးတာက ခြောက်လလောက်ရှိပြီ။ ညက ကတ်လာလုပ်တဲ့ သူတွေများလို့ ၁၂ လပိုင်းအထိ ရက်တိုးသတ်မှတ်ထားတယ်လို့လည်းကြားတယ်။ အခုကတော့ ပုံမှန်လောက်ပဲ၊ တရားမ၀င်အလုပ်သမားတွေကို ဒီကတ်တွေလုပ်ပေးပြီးတဲ့အခါမှာ သူတို့က စက်ရုံ၊ အလုပ်ရုံတွေကိုဝင်ပြီး လိုက်ဖမ်းတာဖြစ်တယ်’ ဟု ဦးချစ်ကောင်းက ပြောဆိုသည်။

မလေးရှားအစိုးရက လုပ်ဆောင်ပေးနေသည့် E Card ပြုလုပ်ပြီး သူသည် အလုပ်သမားဖြစ်ကြောင်း ထောက်ခံချက်ကို မလေးရှားအစိုးရ လုပ်ပိုင်ခွင့်ရ ၀န်ဆောင်မှုကုမ္ပဏီမှ ရယူရမည်ဖြစ်ပြီး အဆိုပါကတ်နှင့် ၀န်ဆောင်မှုကုမ္ပဏီထောက်ခံချက်နှစ်ခု ကိုင်ဆောင်ထားပါက အဖမ်းခံရမည်မဟုတ်ဘဲ E Card ပြုလုပ်ခြင်းအစီအစဉ်ကို မလေးရှားအစိုးရက အခမဲ့ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မင်းမင်းထွန်း(စံတော်ချိန်)

No comments:

Post a Comment