Latest News

Thursday, July 6, 2017

အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီကား ၄၀ ကို ယခင်အတွင်းဝန်များရုံး၌ ပြသမည်

အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီကား ၄၀ ကို ယခင်အတွင်းဝန်များရုံး၌ ပြသမည်

 အာဇာနည်နေ့ အထိမ်း အမှတ် ပန်းချီပြပွဲကို ရန်ကုန်မြို့ အတွင်းဝန်များရုံးဟောင်း၌ ဇူ လိုင် ၁၉ ရက် (အာဇာနည်နေ့)တွင် ကျင်းပမည်ဖြစ်သည်။
အာဇာနည် ခေါင်းဆောင် များနှင့်ပတ်သက်သော ပန်းချီ ကား ၄၀ ကျော်ကို အတွင်းဝန်များ ရုံးဟောင်းတွင် အများပြည်သူ ကြည့်ရှုနိုင်ရန် ပြသထားမည်ဖြစ် သည်။

အသက် (၁၀)နှစ်မှ (၁၄)နှစ် ကြား ကျောင်းသားများ၏ ပန်းချီ လက်ရာများ ပြသထားမည်ဖြစ် ပြီး ကျွမ်းကျင်ပညာရှင် ငါးဦးပါ ၀င်သော ဒိုင်အဖွဲ့၏ အကဲဖြတ်မှု အပေါ် မူတည်၍ ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်မည်ဟု အတွင်းဝန်ရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်မေသန္တာဝင်းက ပြောသည်။

‘‘အာဇာနည်နေ့နဲ့ပတ်သက် တဲ့ ပန်းချီအနုပညာလက်ရာတွေ ကို မေလလယ်ကတည်းက ပြိုင်ပွဲ ၀င်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အခုပန်းချီကား ပေါင်း ၂၇၀ ကျော်ရှိတယ်။ အဲဒီ ထဲကမှ ဆန်ခါတင် ၄၀ ကို (အာ ဇာနည်နေ့)မှာ ပြပြီး ဆုပေးမှာ ပေါ့’’ဟု ဒေါ်မေသန္တာဝင်းကပြောသည်။

အာဇာနည်နေ့တွင် လွတ် လပ်ရေးရသည့်နေ့က ယူနီယံ ဂျက်အလံဖြုတ်ချပြီး မြန်မာနိုင်ငံ အလံ လွှင့်ထူခဲ့သော နေရာအပါ အ၀င် ပါလီမန်အဆောက်အအုံ နှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသည့် ခန်းမကိုလည်း လေ့လာ ကြည့်ရှုခွင့်ရမည် ဖြစ် သည်။

နှစ် ၁၂၀ ကျော်ပြီဖြစ်သော ၀န်ကြီးများရုံးသည် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ရန်ကုန် မြို့ကို အင်္ဂလိပ်တို့က သိမ်းပိုက် ပြီးနောက် အုပ်ချုပ်ရေး ဗဟိုဌာန အဖြစ်၊ ၁၈၆၇ တွင် အတွင်းဝန် များရုံးအဖြစ် စတင်တည်ဆောက် ခဲ့သည်။ ၁၉၄၈ တွင် ၀န်ကြီးများ ရုံးအဖြစ် ပြောင်းလဲခေါ်တွင်ခဲ့ပြီး ၂၀၀၈ တွင် နာဂစ်မုန်တိုင်းဒဏ် ခံရပြီးနောက် ယာယီပြုပြင်မှုများ ပြုလုပ်ခဲ့ရသည်။

၂၀၁၅ က စတင်ကာ အာ ဇာနည်နေ့ရောက်တိုင်း အများ ပြည်သူ လေ့လာခွင့်ရရန် ဖွင့် လှစ်ပြသခဲ့သည်။
7Day News

No comments:

Post a Comment