Latest News

Thursday, July 6, 2017

ပြည်ထောင်စုလွှတ်တော်ပုံစံ ကမ္ဘာတွင်မရှိကြောင်းနှင့် လွှတ်တော်ပိုင်းကိုပြင်ဆင်ရန်ကြိုးစားမည်ဟု ဦးဝင်းထိန်ပြော

ပြည်ထောင်စုလွှတ်တော်ပုံစံ ကမ္ဘာတွင်မရှိကြောင်းနှင့် လွှတ်တော်ပိုင်းကိုပြင်ဆင်ရန်ကြိုးစားမည်ဟု ဦးဝင်းထိန်ပြော

 ပြည်ထောင်စု လွှတ်တော်ပုံစံသည် ကမ္ဘာတွင် မရှိကြောင်းနှင့် လွှတ်တော်အပိုင်း ကို ပြင်ဆင်ရန် ကြိုးစားနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဦးဝင်း ထိန်က ပြောသည်။

‘‘ကျွန်တော်ကိုယ်တိုင် ဒေါ် အောင်ဆန်းစုကြည်ကို မေးဖူး တယ်။ ပြည်ထောင်စုလွှတ်တော် ကြီးက ဘာကြီးလဲလို့။ ကမ္ဘာမှာ ဘယ်မှာမှမရှိဘူး။ အဲဒီတော့ ဒါ ကို ကျွန်တော်တို့က ပြင်ဖို့ကြိုးစား တာ။ ပြင်တာဆိုတာကတော့ပြည်ထောင်စုလွှတ်တော်တင်မကဘူးပေါ့လေ’’ဟု ဇွန်လ ၃၀ ရက်ကနေပြည်တော် စည်ပင်ဧည့်ရိပ်သာအတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) အဖွဲ့များနှင့်တွေ့ဆုံစဉ် ဦးဝင်းထိန်က ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍‘‘လွှတ်တော် လာရင် တွေ့လိမ့်မယ်။ ပြည် ထောင်စုလွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ဘယ်လိုကြီးဖွဲ့ထားမှန်းမသိဘူး’’ ဟု ဦးဝင်းထိန်က ဝေဖန်ပြောကြား သည်။

ယခု လွှတ်တော်ဖွဲ့စည်းမှုပုံ စံသည် မည်သည့်နိုင်ငံတွင်မှမရှိ ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းသာ ဆက်လက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

‘‘ဘယ်နိုင်ငံမှာမှ မရှိဘူး။ အင်္ဂလန်လိုနိုင်ငံမှာ အထက် လွှတ်တော်၊ အောက်လွှတ်တော် ရှိတယ်။ အမေရိကန်မှာ ဆီးနိတ် ရှိတယ်။ ကွန်ဂရက်ရှိတယ်။ ဒီမှာ က ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်ဖြစ်နေတယ်’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၄)၊ အပိုဒ် ခွဲ ၉၅(ခ)တွင် ဥပဒေကြမ်းတစ်ရပ် နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်သို့ သ ဘောထားကွဲလွဲပါကပြည်ထောင် စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ် ရမည်ဟု ဖော်ပြထားသည်။

‘‘အမေရိကန်မှာလည်း ကွန် ဂရက်နဲ့ ဆီးနိတ်နဲ့ရှိတယ်။ နှစ်ခု လုံး တိုင်ပင်ရဖို့လိုတဲ့အခါကျရင် Combine House ခေါ်လိုက်တယ် ပေါ့။ အဲဒီအတွက် ပြည်ထောင်စု လွှတ်တော်လည်း ဒီသဘောပါပဲ’’ ဟု လွှတ်တော်လေ့လာစောင့် ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ သုတေသန ဒါရိုက်တာ ကိုထင် ကျော်အေးက သုံးသပ်ပြောကြား သည်။

လွှတ်တော်စနစ်ကို ပိုမို ကောင်းမွန်စေရန် ကြိုးစားမှုသည် ကောင်းသည့်လက္ခဏာဟု မြင် ကြောင်းနှင့် ထည့်သွင်းစဉ်းစားရ မည့်ကိစ္စရပ်များစွာလည်း ရှိနေ သေးကြောင်း ကိုထင်ကျော်အေး က ဆိုသည်။

‘‘စီမံခန့်ခွဲမှုစနစ် တစ်ခု တည်းကို ပြင်ရုံနဲ့လည်း မရသေး ဘူး။ လွှတ်တော်ရဲ့ အာဏာခွဲဝေ ကျင့်သုံးမှုပုံစံတွေကိုလည်း ဒီ ထက်ပိုကောင်းလာအောင် ပိုပြီး ပြန်ပြင်ဆင်သင့်တာတွေလည်း ရှိ ပါတယ်’’ဟု ၎င်းက အကြံပြုပြော ကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ၎င်းတို့အနေဖြင့် ကော်မတီဖွဲ့စည်း လေ့လာချက် များအရ ပြင်ဆင်မရသည့်အချက် ၁၆၆ ချက်ရှိကြောင်း ဦးဝင်းထိန် က ဆိုသည်။

‘‘အဲဒီ ၁၆၆ ချက်က ဘာမှ ပြင်လို့မရသေးဘူး’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လွှတ်တော်နှစ်ရပ်ဖြစ်သည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကြား လုပ်ပိုင်ခွင့်အာ ဏာ တူညီနေမှုများလည်း ထည့် သွင်းစဉ်းစားရမည်ဖြစ်ပြီး အာ ဏာခွဲဝေကျင့်သုံးမှုပုံစံကို ပြန်ပြင် ဆင်သင့်ကြောင်း ကိုထင်ကျော် အေးက မှတ်ချက်ပြုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁)၊ အပိုဒ်ခွဲ ၁၂(ခ) ၌ ပြည်ထောင်စုလွှတ်တော်တွင် မြို့နယ်ကို အခြေခံ၍လည်း ကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း ရွေးကောက်တင် မြှောက်သည့် လွှတ်တော်တစ်ရပ်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ် များမှ ကိုယ်စားလှယ်ဦးရေ တူညီ စွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ်ဟူ၍ လွှတ် တော်နှစ်ရပ်ပါရှိသည်။

ထို့အပြင် အခန်း (၄)၊ အပိုဒ် ခွဲ ၉၅(က)တွင် ပြည်သူ့လွှတ်တော် တွင်ဖြစ်စေ၊ အမျိုးသားလွှတ် တော်တွင်ဖြစ်စေ စတင်တင်သွင်း သည့် ဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုလျှင် ယင်းဥပဒေကြမ်းကို ပြည်ထောင် စုလွှတ်တော်က အတည်ပြုသည် ဟု မှတ်ယူရမည်ဟု ဖော်ပြထား သည်။
7Day News

No comments:

Post a Comment