Latest News

Thursday, July 6, 2017

တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးကျောင်းသားများ ကျောင်းဖြေအဖြစ် ထပ်ဖြေနိုင်ကြောင်း ညွှန်ကြားချက်ထုတ်ပြန်

တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးကျောင်းသားများ ကျောင်းဖြေအဖြစ်
ထပ်ဖြေနိုင်ကြောင်း ညွှန်ကြားချက်ထုတ်ပြန်

၂၀၁၇ ဇွန်လ ၁၇ ရက်က ထုတ်ပြန်သော တက္ကသိုလ်ဝင် အောင်စာရင်းကို ကြည့်ရှုနေသူအချို့ (ဓာတ်ပုံ − စိုင်းဇော်)

တက္ကသိုလ်ဝင်စာမေးပွဲ ကို အခြေခံပညာကျောင်းများ တွင် ကျောင်းတက်ရောက်ကာ နှစ်ကြိမ်ဖြေဆိုနိုင်ကြောင်း မိဘ များနှင့်ကျောင်းသား၊ ကျောင်းသူ များအား အသိပေးရန် အခြေခံ ပညာဦးစီးဌာနက ညွှန်ကြားထား သည်။

ကျောင်းသား၊ ကျောင်းသူ အများစုသည် တက္ကသိုလ်ဝင်စာ မေးပွဲကို ကျောင်းတွင်းဖြေအဖြစ် ဖြေဆိုပြီး တစ်ကြိမ်ကျရှုံးပါက နောင်နှစ်တွင် အပြင်ဖြေအဖြစ် ဖြေဆိုလေ့ရှိသဖြင့် ကျောင်းတက် ရောက်ကာ နှစ်ကြိမ် ဖြေဆိုနိုင် ကြောင်း သိရှိရန် အသိပေးစေ ခြင်းဖြစ်သည်။

‘‘တစ်နှစ်ကျပြီးရင် အပြင် ဖြေပဲ ဖြေရတော့မယ်လို့ တချို့က ထင်ကြတယ်။ တစ်နှစ်ကျောင်း တက်ပြီး ဖြေလို့ရတယ်ဆိုတာ မသိကြဘူး။ အဲဒါကြောင့် သိ အောင် အသိပေးဖို့ ညွှန်ကြားထား တာပါ’’ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ဆွေဆွေလဲ့က ပြော သည်။ တက္ကသိုလ်ဝင်စာမေးပွဲကို နဝမတန်းအောင်မြင်ပြီးနောက် ၂ နှစ်ဆက်တိုက် ကျောင်းတက်ကာ ဖြေဆိုခွင့်ရှိပြီး ၂ နှစ်ထက်ကျော် လွန်ဖြေဆိုမှုကို ပြင်ပဖြေအဖြစ်သာ ခွင့်ပြုနေခြင်းဖြစ်သည်။

‘‘အောင်စာရင်းထွက်တဲ့နေ့ ကတည်းက အောင်စာရင်းစာရွက် တွေကပ်တဲ့ဘေးမှာ ဒီနှစ်ကျတဲ့ သူတွေ ကျောင်းတက်ပြီး ထပ်ဖြေ နိုင်တဲ့အကြောင်း ကြေညာထား ပေးတယ်။ အရင်နှစ်တွေကတည်းကတော့ ဒီစနစ်က ရှိပါတယ်။ လူ သိပ်မသိကြတာပါ’’ဟု အထက (၂)ရန်ကင်းမှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းတက်၍ ၂ နှစ်ဖြေ ဆိုနိုင်ကြောင်း ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား  အသိပေးရန် တိုင်းဒေသကြီးနှင့်  ပြည်နယ် ပညာရေးမှူးရုံးများမှ တစ်ဆင့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများသို့ အဆင့်ဆင့် ညွှန်ကြားထား ကြောင်း သိရသည်။
7Day News

No comments:

Post a Comment